ကချင်တော်လှန်ရေးအစီအစဉ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

ကချင်တော်လှန်ရေးအစီအစဉ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့က ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။

‘လူငယ်အဖွဲ့ စီစဉ်ဆောင်ရွက်မှုတွင် စဉ်းစားတွေးခေါ်မှု လိုအပ်မှုရှိကြောင်း ခံယူပြီး  ယခုကဲ့သို့ ဥပဒေဘောင် ကျော်လွန်သော ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားစေရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်သွားမည်အကြောင်း တင်ပြအပ်ပါသည်’ ဟု ဖော်ပြထားသည်။

ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သော အစီအစဉ်ကြောင့် လက်ရှိတွင် အဆိုပါပွဲ၌ ပါဝင်ခဲ့သူ ခရစ်ယာန်ဓမ္မဆရာ တူးထန်နှင့် ဂျော်ဘွမ်တာဝန်ခံ ဆရာ ဘီမာဒေါင်လွမ်းတို့ ၂ ဦးကို ယမန်ယူကာ အမှတ် (၁) ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

(၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နှင့် နိုင်ငံတကာ ကချင်လူထုအသိုင်းအဝိုင်းတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...