ကချင်တော်လှန်ရေးအစီအစဉ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

ကချင်တော်လှန်ရေးအစီအစဉ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့က ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။

‘လူငယ်အဖွဲ့ စီစဉ်ဆောင်ရွက်မှုတွင် စဉ်းစားတွေးခေါ်မှု လိုအပ်မှုရှိကြောင်း ခံယူပြီး  ယခုကဲ့သို့ ဥပဒေဘောင် ကျော်လွန်သော ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားစေရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်သွားမည်အကြောင်း တင်ပြအပ်ပါသည်’ ဟု ဖော်ပြထားသည်။

ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သော အစီအစဉ်ကြောင့် လက်ရှိတွင် အဆိုပါပွဲ၌ ပါဝင်ခဲ့သူ ခရစ်ယာန်ဓမ္မဆရာ တူးထန်နှင့် ဂျော်ဘွမ်တာဝန်ခံ ဆရာ ဘီမာဒေါင်လွမ်းတို့ ၂ ဦးကို ယမန်ယူကာ အမှတ် (၁) ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

(၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နှင့် နိုင်ငံတကာ ကချင်လူထုအသိုင်းအဝိုင်းတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...