ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်

ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်

(၆၀) ကြိမ်မြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တော်လှန်ရေးနေ့အထိမ်းအမှတ်ဖြစ် ကချင်လူထုဆုတောင်းပွဲကို မြစ်ကြီးနားမြို့ နောင်နန်း ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ဆုတောင်းပွဲကို ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ဘာသာရေးခေါင်းဆောင်များပါဝင်ကာ လူထု ၄ ထောင်ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

“တော်လှန်ရေးကာလ ကြာရှည်လာတဲ့တွက်ကြောင့် ဘယ်သူ့စိတ်ထဲမှာမဆို စိတ်ဓါတ်ကျတာတွေရှိမှာဘဲ။ ဒါကလူ့သဘာဝစိတ်ကြောင့်ပေါ့။ ဒီလိုချိန်မှာကျွန်တော်တို့က ပန်းတိုင်မရောက်သေးတဲ့တွက် စိတ်ဓါတ်ခွန်အားတွေထည့်ထားပြီး ဆက်လက်လုပ်ဆောင်သွားရအုံးမယ်ဆိုတာသိထားရမယ်” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဆရာလုံအောင် ပြောသည်။

အစီစဉ်တွင်အထူးသဖြင့် တော်လှန်ရေးခရီးစဉ်အတွက် ဆုတောင်းခဲ့ပြီး၊ လူငယ်များ၏ ပြဇာတ်၊ သီချင်းတင်ဆက်ခြင်းတို့ ပါဝင်ခဲ့သည်။

ကချင်အမျိုးသားတို့လွတ်လပ်ရေးဟုဆိုရာတွင် လက်နက်ကိုင်တော်လှန်ရေးသာ မဟုတ်ဘဲ ၊ မိမိလုပ်ဆောင်နေသော အမျိုးသားတာဝန်၊ ကိစ္စမှန်သမျှ စုပေါင်းပါဝင်မှုတို့သည် တော်လှန်ရေးဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယနေ့ကျရောက်သော ကချင်တော်လှန်ရေးနေ့အခမ်းအနားကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်လည်း ပြုလုပ်ခဲ့ပါသည်။

June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...