ကချင်ပြည်နယ် ပြည်ထောင်စုနေ့အခမ်းအနား မနောကွင်းတွင် ပြုလုပ်ရန် စီစဉ်

ကချင်ပြည်နယ် ပြည်ထောင်စုနေ့အခမ်းအနား မနောကွင်းတွင် ပြုလုပ်ရန် စီစဉ်

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကျရောက်မည့် (၇၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်တွင် ကချင်ရိုးရာ မနောင်ပွဲတော်နှင့်အတူ မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

ဖျက်သိမ်းခဲ့ရသော ကချင်ပြည်နယ်နေ့ မနောပွဲအစားပြန်လည်ပြုလုပ်သည့် ရိုးရာမနောပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၅ရက်နေ့မှ ၁၂ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက် ၁၂ရက်နေ့မှာ ပြည်ထောင်စုနေ့ ဖြစ်သောကြောင့် အဆိုပါနေ့တွင် ပြည်နယ်အစိုးရ၏ ညွန်ကြားချက်အရ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားရန် ဖြစ်ကြောင်း မနောပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦး Ginraw Tang Gun ယခုလိုပြောသည်။

“ကျနော်တို့ ကချင်ရိုးရာမနောပွဲကို ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ပြုလုပ်ဖို့ ပြည်နယ်အစိုးရကို ပွဲမိန့်တင်ခဲ့တယ်။ ပြည်နယ်အစိုးရက ၅ရက်နေ့ကနေ ၁၂ရက်နေ့အထိ လုပ်ဖို့ ပြောဆိုလာတယ်။နောက်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်တယ်။ မနောပွဲကို ၁၂ရက်အထိ လုပ်ဖို့ပြောတယ်။ အဲဒီ ၁၂ရက်နေ့မှာလည်း လူမျိုးပေါင်းစုံ အားလုံးပါဝင်တဲ့ မနောအက ကရန် စီစဉ်ထားတာလည်းဖြစ်တယ်။ အဓိက နိုင်ငံတော်သမ္မတ ပေးပို့လာတဲ့ သဝဏ်လွှာကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က လာရောက်ဖတ်ကြားပေးဖို့ သက်သက်သာဖြစ်တယ်” ဟု သူက ကချင်သတင်းဌာန KNG ကိုပြောသည်။

‘ပြည်ထောင်စုနေ့ မနောပွဲ’ မဟုတ်ဘဲ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ သာဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ယခုပွဲမှာ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ အမည်ဖြင့် ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ကချင်ရိုးရာယဉ်ကျေးမှု မဟိုကော်မတီမှ ဦးဆောင်ကာ မျိုးနွယ် ၆ခု ပါဝင်ဆင်နွှဲသည့် မနောပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

၈ ရက်ကြာပြုလုပ်သွားမည့်အစီအစဉ်များတွင် ၅ရက်မှ ၁၀ရက်နေ့အထိ ဈေးရောင်းပွဲတော်ဖြစ်ပြီး နောက်ဆုံး ၂ ရက်တွင် မနောအက ကသည့်အစီအစဉ်ဖြစ်သည်။

အစီအစဉ် စတင်သည့် ဖေဖော်ဝါရီ ၅ ရက်နေ့သည် ‘ကချင်တော်လှန်ရေးနေ့’ လည်း ဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...