KIO နယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး

KIO နယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး
Jeyang IDP camp
Jeyang IDP camp

တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးအစီအစဉ်များ ပြုလုပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့တော့ ပြည်သူတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ နည်းတွေ၊ mask အုပ်ရမယ်ဆိုတာတွေ ၊ တစ်ကိုယ်ရေ ကျန်းမာရေး လိုက်စားရမယ်ဆိုတာတွေ ၊ နိုင်ငံတကာသတိပေးချက်အတိုင်း လူအများရှိတဲ့ နေရာတွေ မသွားဖို့ ၊ ဒီလိုမျိုး ပညာပေးတဲ့အပိုင်းတွေကို FM ကနေ လွှင့်ပေးခြင်း၊ လူစုတဲ့နေရာတွေမှာ စာရွက်တွေနဲ့ ဖြန့်ဝေပေးခြင်းမျိုးတွေကို လုပ်နေတယ်” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

နယ်စပ်ဂိတ် ပိတ်ခြင်း၊ လူစုလူဝေး ကန့်သတ်ခြင်းစသည့် အမိန့်ထုတ်ပြန်ထားခြင်း မတွေ့ရသော်လည်း ကိုယ်အပူတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း ဖြစ်လျှင် ဆေးရုံသို့ ပြသရန်၊ လူစုလူဝေးနေရာ မသွားရန် စသည့် ကျန်းမာရေးလမ်းညွန်ချက်များကို ထုတ်ပြန်ထားသည်။

အလားတူ စစ်ရှောင်စခန်းများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောမှုများပြုလုပ်နေသည်ဟု သတင်းဖော်ပြမှုတွင် တွေ့ရသည်။

ထို့အပြင် KIO နှင့် တရုတ်နယ်စပ် ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်မှု မရှိတော့သည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော ထူးခြားသံသယလူနာ ယနေ့ထိ တစ်ယောက်မျှ မတွေ့ရှိသေးကြောင်းလည်း ထပ်မံပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အပါအဝင် စစ်ပြေးဒုက္ခသည်စခန်းအများစုသည် တရုတ်နယ်စပ်တွင် ရှိပြီး စစ်ရှောင်အများစုမှာ တရုတ်ပြည်ဘက်တွင် အလုပ်လုပ်နေကြသည်ဟု သိရသည်။

မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၀၅ ဦးရှိခဲ့ပြီး ၃ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ မရှိသေးကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...