ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှု သံသယဖြင့် နောက်ထပ် ၈ ဦး အဖမ်းခံရ

ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှု သံသယဖြင့် နောက်ထပ် ၈ ဦး အဖမ်းခံရ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြစ်ခံရသူ ၈ ဦးကို မြန်မာအာဏာပိုင်များက နောက်ထပ်ဖမ်းဆီးလိုက်သည် ဟု ကျောက်တော်မြို့မရဲစခန်း မြို့နယ်မှူးက အတည်ပြုပြောကြားသည်။

အဖမ်းခံရသူများသည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေရာ ပတ်ဝန်းကျင် အနီးအနားရှိ  ပင်လုံနှင့် ကုလားချောင်းကျေးရွာများမှဖြစ်ပြီး ထိုအထဲတွင် ရာအိမ်မှူး ၂ ဦးလည်းပါ၀င်ကြောင်း ကျောက်တော်မြို့ မြို့မရဲစခန်းမှ ပြောသည်။

အဆိုပါ ၈ ဦးတို့သည် ကုလားချောင်းပတ်ဝန်းကျင်တွင် AA က ပြုလုပ်သော အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အထောက်အထားတွေ့ရှိရ၍ ယခုကဲ့သို့ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဖမ်းဆီးတဲ့အခါမှာ တပ်ဖွဲ့ဝင်၊ ကူညီပံ့ပိုးသူနဲ့ AA နဲ့ဆက်နွယ်မှု ရှိသူတွေကို ဖမ်းဆီးတာ ဖြစ်ပါတယ်။ ပထမ ဖမ်းဆီးထားတဲ့ ၂၃ ဦးကို ၁၇/၁ နဲ့ ၁၇/၂ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားပါတယ်။ ၁၇/၁ နဲ့ ငြိရင် ထောင်သုံးနှစ် ကျခံရမှာ ဖြစ်ပြီး၊ ၁၇/၂ နဲ့ ငြိရင် ထောင် ၅ နှစ် ကျခံရမှာဖြစ်ပါတယ်”ဟု မြို့နယ်မှူးက ပြောသည်။

ခေါင်းဆောင်ပိုင်းကို ၁၇/၂ နှင့်စွဲထားပြီး၊ သာမန်ရဲဘော်နှင့် ဆက်နွယ်သူများကို ၁၇/၁ ဖြင့်စွဲထားသည်ဟု သိရသည်။

ယခင်ဖမ်းဆီးရမိထားသူများထဲတွင် တိုက်ပွဲအတွင်းဖမ်းမိသူ ၁၂ ဦးပါ၀င်ပြီး၊ အခြားသူများမှာ အခြားနေရာများမှ ဖမ်းဆီးထားသူများ ဖြစ်သည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးရခြင်းမှာ ရက္ခိုင့်တပ်မတော်မှ သင်တန်းတက်ရောက်သူ စာရင်းနှင့် ကိုယ်ရေး အကျဉ်း အထောက်အထားများကို ရရှိထား၍ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားသူများကို အမှုတည်ဆောက်ဆဲကာလတွင် မိသားစုဝင်များ အပါအဝင် တစ်စုံတစ်ဦးနှင့်မှ  တွေ့ဆုံခွင့် မပြုခဲ့သော်လည်း အမှုတည်ဆောက်ပြီးစီးထားသူ ၂၀ ဦးကိုမူ မိသားစုများနှင့် မကြာမီ တွေ့ခွင့်ပြုပေးမည်ဟု ကျောက်တော်မြို့မ ရဲစခန်းမှ မြို့နယ်မှူးကပြောသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...