မုံးကိုးတွင် အလင်းဝင်သော တပ်သားများမှာ KIA တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆို

မုံးကိုးတွင် အလင်းဝင်သော တပ်သားများမှာ KIA တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆို
တပ်မတော်ထုတ်ပြန်ချက်တွင်ဖော်ပြထားသော အလင်းဝင်တပ်သားများ
တပ်မတော်ထုတ်ပြန်ချက်တွင်ဖော်ပြထားသော အလင်းဝင်တပ်သားများ

ရှမ်းမြောက် မုံးကိုးမြို့ရှိ မြန်မာ့တပ်မတော်ထံသို့ အလင်းဝင်သွားသော စစ်သား၂၁ ဦးမှာ KIA တပ်သားများမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“မုန်းကိုးမှာ ပြည်သူ့စစ်ဖွဲ့ချင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်မှာ သူက မှတ်ပုံတင်တာလည်းမရှိ။ ဒါကြောင့် သူ့ကို ပြည်သူ့စစ်ဖွဲ့ခွင့်မပေးဘူး။ သတ်မှတ်ထားတဲ့ လက်နက်အင်အား လူအင်အား ၆၀ လောက်လည်း မပြည့်တော့ အဖမ်းခံရမယ့် အခြေအနေရှိခဲ့တယ်၊ ဆိုတော့ သူက မုံးကိုး ဗျူဟာမှူးတွေနဲ့ပေါင်းပြီး အဲဒီမှာ ရှိနေတဲ့ ပြည်သူ့စစ်အကျန်တွေ၊ အိမ်မှာ နားနေတဲ့အသက်ကြီးတွေ ၊ KIA ကနေ ဟိုးအရင်ကတည်း နားလိုက်တဲ့သူတွေကို စုပြီး အခုလို KIA ကနေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ် ဆိုပြီးလုပ်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦစီးချုပ်ရုံး၏ ဇန်နဝါရီ ၃၀ ထုတ်ပြန်ချက်တွင် ‘ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ(၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်’ ဟု ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်ထုတ်ပြန်ထားသည့် ဓါတ်ပုံတွင် ပါရှိသော လက်နက်များသည်လည်း KIA ၏ လက်နက်ပုံစံ မဟုတ်ကြောင်း ပြောဆိုထားသည်။

ယခုလို တပ်မတော်ဘက် သတင်းလွှင့်မှုသည် လူထုကို မဟုတ်မမှန် သတင်းပေးခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုခဲ့သည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲမရှိသလောက် နည်းပါးခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် Bilateral လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

KIA တပ်စခန်းတချို့ကို တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းနေကြောင်း Free Burma Rangers အဖွဲ့မှလည်း ဇန်နဝါရီ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...