KIA တပ်စခန်းတချို့ကို တပ်မတော် ဒရုန်းဖြင့် ထောက်လှမ်းဟု FBR ထုတ်ပြန်

KIA တပ်စခန်းတချို့ကို တပ်မတော် ဒရုန်းဖြင့် ထောက်လှမ်းဟု FBR ထုတ်ပြန်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းကို တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းခဲ့ကြောင်း Free Burma Rangers အဖွဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

 

ကျောက်ဖြာရှိ တပ်မတော်စခန်းမှ KIA တပ်ရင်း ၁၂ နှင့် ၂၇ ဌာနချုပ် စခန်းကို ဒီဇင်ဘာ ၃ ရက်နေ့ ထောက်လှမ်းခဲ့သည်ဟု ၊ ကချင်နှင့် ရှမ်းမြောက်ဒေသ တိုက်ပွဲအချက်အလက်များကို ပြုစုထားသည့် FBR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ဖားကန့်ဒေသတွင် တပ်မတော်က ဆပ်ကြေးကောက်ခြင်း၊ မချန်းဘောမြို့နယ် ဆွမ်ပီယန်တွင် ကားသမားတစ်ဦး၏ ခြေထောက်ကို သေနတ်ဖြင့်ပစ်ခြင်း နှင့် တနိုင်းအောင်လော့ဒ်သို့သွားမည့် ပြည်သူများကို တားဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။

ကချင်ပြည်နယ် ဝိုင်းမော်နှင့် မံစီမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှမ်းမြောက်ဒေသတွင်လည်း တိုက်ပွဲ ၉ ကြိမ်ပွားခဲ့သည်ဟု ဆိုထားသည်။

ရှမ်းမြောက်တိုက်ပွဲတွင် KIA ထိန်းချုပ်နယ်မြေတွင်သာမက တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ဖြင့်လည်း တပ်မတော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

Free Burma Rangers အဖွဲ့သည် ဖိနှိပ်ခံရသူများဘဝ ဆက်လက်ရှင်သန်နိုင်ရန် ကျန်းမာရေး၊ ပညာရေးနှင့် အခြားအကူညီများကို ပေးနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...