မင်းတပ်မြို့တွင် ဇန်နဝါရီ ၃၁ မှ စတင်ကာ မဟာဓါတ်အားလိုင်းရ၊ မကြာမီ ကန်ပက်လက်မြို့ ရမည်ဟု သိရ

မင်းတပ်မြို့တွင် ဇန်နဝါရီ ၃၁ မှ စတင်ကာ မဟာဓါတ်အားလိုင်းရ၊ မကြာမီ ကန်ပက်လက်မြို့ ရမည်ဟု သိရ
by -
ချင်းဝေါလ်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယနေ့ ဇန်နဝါရီလ (၃၁) ရက်မှ စတင်ကာ မဟာဓါတ်အားလိုင်းစတင်ရရှိပြီး၊ မကြာမီတွင် ကန်ပက်လက်မြို့နှင့် ခိုင်ကမ်းမြို့များတွင်လည်း ထပ်မံရရှိမည်ဟု သိရသည်။

ချင်းပြည်နယ်လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်မှ “ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ ထန်တလန်တွေမှာ မဟာဓါတ်အားလိုင်းရပြီးပြီ၊ ခုမင်းတပ်နဲ့ဆိုရင် (၄) မြို့ဖြစ်မယ်။ ဆောမြိုကဘက်မှာ တည်ဆောက်ဆဲ လုပ်ငန်းတခုမပြီးသေးတဲ့အတွက် လာမယ့် မတ်လဝန်းကျင်လောက်မှာတော့ ကန်ပက်လက်မြို့ကို ပေးနိုင်မယ်။ နောက်ပြီး ခိုင်ကမ်းအတွက် ဓါတ်အားခွဲစက်ရုံကို စတင်တည်ဆောက်နေတဲ့အတွက် ဒီနှစ်နှောင်းပိုင်းမှာ ခိုင်ကမ်းထပ်ရနိုင်မယ်။ ဒီလိုမြို့တွေဖြစ်တာက ဦးစားပေးအရမဟုတ်ပဲ ဆက်သွယ်ရေးလမ်းကြောင်းအရဖြစ်တဲ့အတွက် ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြို့တွေကို ပေးရတာဖြစ်တယ်။ တနည်းအားဖြင့် ပြည်မဘက်ကနေ လာရတာဆိုတော့ အရင်ဆုံးနီးတဲ့မြို့တွေက အရင်ရတဲ့သဘောပါ” ဟု ဆိုသည်။

မင်းတပ်မြို့ ဒုတိယ လျှပ်စစ်အင်ဂျင်နီယာ ဦးဗွေမောင်းမှ ” အခုမင်းတပ်မှာက အမြင့်ဆုံး 11 KV ဗို့အားဖြစ်တယ်။

အခုမဟာဓါတ်အားလိုင်းက 66 KV ဖြစ်တဲ့အတွက် အရင်ဟာထက် (၆) ဆလောက် ပိုများတယ်။ ဒါကြောင့်မီးမလွှတ်ခင်မှာ 11kv ထိ အဆင့်လိုက် တဆင့်ပြီးတဆင့်  ပြန်လည်လျှော့ချ ရမှာ ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျတော်တို့လိုင်းမှာ 11kv လိုင်းပဲရှိတဲ့အတွက် 11kv လိုင်းရအောင်ပြန်လုပ်ရမှာ ဖြစ်တယ်၊မင်းတပ်မှာရှိတဲ့ ရုံးချုပ်က လူကြီးတွေနဲ့ ဒီဟာကို ဆောက်လုပ်ပေးတဲ့ ကုမ္ပဏီက လူကြီးတွေအားလုံးက Control Room တွေကို စစ်ဆေးပြီး၊ အားလုံးပြည့်စုံတာနဲ့ ၂၄ နာရီမီးရရှိနိုင်သွားတော့မယ်” ဟု ပြောသည်။

ဆလိုင်းအိုက်ဇက်ခင်မှ ” ၂၀၂၀ မှာတော့ မြို့နယ် (၉) မြို့နယ်စလုံးကို မဟာဓါတ်အားလိုင်း ရရှိမှာဖြစ်ပါတယ်။ ဒီ ၂၀၁၇-၁၈ မှာ ကလေး (သိုင်းငင်း) ကနေပြီးတော့ တီးတိန်၊ ကျောက်တော်ကနေ ပလက်ဝကို မဟာဓါတ်အားလိုင်းဆွဲနိုင်ဖို့အတွက် ပြည်ထောင်စုရန်ပုံငွေတင်ထားတယ်။ အဲဒါကျလာပြီဆိုရင် တီးတိန်နဲ့ ပလက်ဝကိုပေးနိုင်မယ်။ ၂၀၁၈-၁၉ မှာ မင်းတပ်ကနေ မတူပီ၊ တီးတိန်ကနေ တွန်းဇံကို မဟာဓါတ်အားလိုင်း ထပ်ဆွဲဖို့အစီအစဉ်ရှိတယ်။ နောက်ပြီး ရေဇွာတို့ကောပေါ့။ ၂၀၁၇ အတွင်းမှာတော့ မင်းတပ်၊ ကန်ပက်လက်နဲ့ ခိုင်ကမ်းတို့ မဟာဓါတ်အားလိုင်းရမယ်” ဟု ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...