တပ်မတော်က တရားစွဲတာဟာ လာမယ့်ရွေးကောက်ပွဲမှာ အသံတိတ်အောင် လုပ်တာလို့ ဦးကြီးမြင့်ပြော

တပ်မတော်က တရားစွဲတာဟာ လာမယ့်ရွေးကောက်ပွဲမှာ အသံတိတ်အောင် လုပ်တာလို့ ဦးကြီးမြင့်ပြော
ဓာတ်ပုံ - အုပ်မှူးဇော်
ဓာတ်ပုံ - အုပ်မှူးဇော်

တပ်မတော်ကို ထိခိုက်အောင် ပြောခဲ့တာ မရှိဘဲ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲ ဆိုခံရတာဟာ တရားဥပဒေအရ စိုးမိုးမှု မရှိတဲ့ ပေမယ့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သူတို့ရဲ့ အသံကို တိတ် အောင် လုပ်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

သူ့ကို ဖမ်းဝရမ်း ထုတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလက ကော့သောင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲ တစ်ခုမှာ ဟောပြောခဲ့တာမှာ တပ်မတော်ဘက်က နိုင်ငံတော်အကြည်ညို ပျက် စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတရားစွဲဆိုမှုမှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် အပြင် ဟောပြောပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကဗျာဆရာ စောဝေတို့လည်း တရားစွဲဆိုခြင်း ခံထားရတယ်လို့ သိရပါတယ်။

တပ်မတော်ကို ထိခိုက်တဲ့ စကားလုံးတွေကို ပြောဆိုခဲ့ခြင်း မရှိခဲ့ဘဲ တရားစွဲဆို ခံထားရတာဟာ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့်ကို ပိတ်ပင် တားဆီးရာ ရောက်တယ်လို့ ကဗျာဆရာ ဦးစောဝေက ပြောပါတယ်။

လတ်တလောမှာလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံအနေနဲ့ တရား ရင်ဆိုင်ရချိန် ဒီအမှုဟာ ပြည်တွင်း တရားစီရင်ရေး စနစ်မှာ မျှတတဲ့စနစ် ရှိမနေခြင်းကို ထောက်ပြစရာ ဖြစ်နေတယ်လို့ ရန်ကုန် စောင့်ကြည့်အဖွဲ့ ဦးဆောင်သူ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ ဒီအမှုကို ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က ရှေ့နေ ဦးကြီးမြင့် အပါအဝင် သုံးဦးကို တရားစွဲဆိုခဲ့ပေမယ့် ရုံးချိန်း မလာရောက်လို့ဆိုပြီးတော့ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့တယ်လို့ သိပါတယ်။

ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ ရုံးချိန်းမှာတော့ ကိုယ်တိုင် သွားရောက် ဖြေရှင်းကြမှာ ဖြစ်တယ်လို့ ကာယကံ ရှင်တွေက ဆိုကြပါတယ်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...