နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗန်းမောက်ဒေသခံများ တွေ့ဆုံပွဲ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးဆေးပေးခန်းရရှိရေးကို အများဆုံး တင်ပြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗန်းမောက်ဒေသခံများ တွေ့ဆုံပွဲ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးဆေးပေးခန်းရရှိရေးကို အများဆုံး တင်ပြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗန်းမောက်ဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံများဘက်မှ လမ်းတံတားအခက်အခဲများ နှင့် ကျန်းမာရေးဆေးပေးခန်း၊ဆေးရုံများ ရရှိရေးစသည့် မေးခွန်းများကိုမေးမြန်းခွင့်ရခဲ့သည်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇန်နဝါရီလ (၂၂) ရက်နေ့  နေ့လည်ပိုင်းအချိန်က တွေ့ဆုံခဲ့ပြီး ဒေသခံများနှင့် (၄၅) မိနစ်ကြာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“မတင်ပြရတော့ ကျွန်တော် အရမ်းကို စိတ်လည်းမကောင်းဘူးဗျ ၊ ဘာလို့လဲဆိုတော့ ကိုယ့်အမေတစ်ယောက်က ကိုယ့်သားလေးရှိတဲ့နေရာဆီကိုလာတဲ့ပုံစံမျိုးနဲ့ ကျွန်တော်လည်း အဲ့လိုထင်ထားခဲ့တယ်။ ကျွန်တော်လည်း ကိုယ့် အမေလာတယ်ဆိုတဲ့ သဘောမျိုးနဲ့လာခဲ့တယ်၊ တကယ်တမ်းကျတော့ ဒီနေရာမှာကျွန်တော်တို့က အပယ်ခံဘဝနဲ့ ဖြစ်ခဲ့တယ်” ဟု ရှမ်းနီလူငယ် စိုင်းအောင်ကျင်က ရှမ်းနီအသံကိုပြောသည်။

စိုင်းအောင်ကျင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးနေရာတွင် ရှမ်းနီဟုထည့်သွင်းနိုင်ပေးနိုင်ရေး နှင့် ဗန်းမောက်မြို့နယ်အတွင်းရှိ တခြားသော တိုင်းရင်းသားများက ရိုးရာပွဲတော်များပြုလုပ်ရာတွင် နိုင်ငံတော်ဘက်ဂျက်များ ရသော်လည်း ရှမ်းနီတိုင်းရင်းသားများ၏ပွဲတော်များ ပြုလုပ်ရာတွင် နိုင်ငံတော် ဘတ်ဂျက်တစ်ခါမှ မရရှိခြင်းအကြောင်းအရာများကို မေးမြန်းရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲတွင် ကြိုတင်တင်ပြထားသည့် မေးခွန်း(၇)ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲခန်းမအတွင်း မေးခွန်းတင်ပြထားသူ (၁၉)ဦးထဲမှ (၂) ဦးကိုမဲနှိုက်ရွေးချယ်ပြီးဖြေကြားခဲ့သည်။

 ထို့ပြင် တွေ့ဆုံပွဲ ခန်းမအပြင်ဘက်တွင် မေးမြန်းလိုသူ (၁၂) ဦးထဲမှ (၂)ဦးကို မဲနှိုက်ရွေးချယ်ပြီးဖြေကြားခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် ဆက် လမ်းများ ဖောက်လုပ်ပေးရေး ၊ ကျန်းမာရေးဆေးပေးခန်းများတည်ဆောက်ပေးရေးနှင့် ကျန်းမာရေးဆရာ/မများရရှိရေး ၊ ကျေးရွာချင်းဆက် လမ်းများဆောက်လုပ်ပေးရေး စသည့်မေးခွန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးခန်းများ တည်ဆောက်ပေးရေးနှင့် လျှပ်စစ်မီးရရှိရေး စသော မေးခွန်းများကို မေးမြန်းခဲ့သည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်ကြားစာများကိုလည်း အသေးစိတ်ရေးသား၍ တိုင်ကြားနိုင်ကြောင်း ဒေသခံများကို ပြောကြားခဲ့သည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...