ဝန်းသိုစော်ဘွားရုပ်တု ထားရန် နေရာ ရပြီ

ဝန်းသိုစော်ဘွားရုပ်တု ထားရန် နေရာ ရပြီ
ပန်းချီ ပန်းပု ပညာရှင် စူးမြင့်သိန်းမှ ဝန်းသိုစော်ဘွားရုပ်တုကို ထုလုပ်နေစဉ် Photo – Sai Aung Myo Lwin
ပန်းချီ ပန်းပု ပညာရှင် စူးမြင့်သိန်းမှ ဝန်းသိုစော်ဘွားရုပ်တုကို ထုလုပ်နေစဉ် Photo – Sai Aung Myo Lwin

ဝန်းသိုစော်ဘွား စဝ်အောင်မြတ် ရုပ်တု စိုက်ထူရန် နေရာ အခက်အခဲရှိနေရာမှ ဝန်းသိုမြို့တွင် မြေနေရာ အလှူရှင်ပေါ်ပေါက်လာသဖြင့် ယခုအခါ နေရာ သတ်မှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မြို့အထွက်မှာ ရတယ်။ ရထားကနေရော ကားလမ်းကနေရော ဘယ်နေရာကကြည့်ကြည့် မြင်ရတဲ့နေရာပေါ့။ ပန်းခြံပါလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ရုပ်တုဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသော ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ မိန့်ကြားသည်။

အနံ ၁၂၀ အလျား ၂၃၀ ကျယ်သောမြေကို ဝန်းသိုဇာတိသား ဦးဝင်းဗိုလ်က တစ်ဝက်စာမြေနေရာအား လှူဒါန်းမတည်ပေးပြီး ကျန်တဝက်ကို အလှူရှင်များထံမှ လှူဒါန်းငွေများဖြင့် ဝယ်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။

“ စော်ဘွားကြီးရဲ့ အနွယ်တော်တွေလည်း မ,တည် ထည့်ဝင်ကြမယ်ဆိုပြီး ပြောလာကြပါတယ်။ နောက်ထပ်အလှူရှင်တွေကိုလည်း ဖိတ်ခေါ်နေပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

မြေဝယ်ရန်လိုအပ်ငွေမှာ ကျပ်သိန်းနှစ်ရာခန့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

စော်ဘွားကြီးရုပ်တုအား မန္တလေးမြို့ ပန်းချီ ပန်းပု ပညာရှင် ဆရာစူးမြင့်သိန်းဦးဆောင်မှုဖြင့် ရှမ်းနီလူငယ်အဖွဲ့ချုပ်က မန္တလေးမြို့တွင် ထုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အင်္ဂတေရုပ်တု အမျိုးအစားဖြစ်သည်။

ရုပ်တုသယ်ဆောင်နိုင်ရေးအတွက် ရွှေနဂါးမင်းကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဒေါ်တင်ညွန့်က ကုန်ကျငွေကို လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စော်ဘွားကြီးရုပ်တုမှာ အောက်ခံခုံ အမြင့် ခြောက်ပေခန့် နှင့် ရုပ်တုအမြင့် တစ်ဆယ့်ရှစ်ပေ စုစုပေါင်း ၂၄ ပေခန့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...