ဖားကန့်တွင် မြေစာပုံပြိုကျ ရေမဆေးသမား ၁ ဦးသေဆုံး

ဖားကန့်တွင် မြေစာပုံပြိုကျ ရေမဆေးသမား ၁ ဦးသေဆုံး
မြေစာပုံပြိုကျသည့်နေရာ (ပုံ-အုပ်ချုပ်ရေးမှူး)
မြေစာပုံပြိုကျသည့်နေရာ (ပုံ-အုပ်ချုပ်ရေးမှူး)

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင် (ခေါ်) ကျောက်စိမ်း သစ်ရွက်လုပ်ကွက်အနီးရှိ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ဇန်နဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲအချိန်၌ ရေမဆေးသမား ၁ ဦး မြေစာပိသေဆုံးခဲ့ကြောင်း သိရပါသည်။

ယင်းမြေစာပုံသည် အမြင့်ပေ (၃၀၀) ခန့်ရှိပြီး မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်အုပ်ချုပ်ရေးမှူး ဦး ဉာဏ်လင်းအောင် ထံမှ သိရပါသည်။

သေဆုံးသူသည် မြေပြိုကျခဲ့သည့် နေရာအနီးရှိ ကောင်ဆန်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အသက် (၅၄) နှစ်အရွယ် ဦးလှထွန်းဖြူ ဆိုသူဖြစ်ကြောင်း သိရသည်။

မြေစာပိသေဆုံးသူ ဦးလှထွန်းဖြူ၏ ရုပ်အလောင်းကို အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းရှာဖွေခဲ့ရာ ညနေ ၄း၄၀ခန့်တွင် တွေ့ရှိခဲ့ပြီး လက်ရှိ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြေစာပုံများစွာရှိပြီး ယခုကဲ့သို့မြေစာပုံပြိုကျမှုကြောင့် အသက်သေဆုံးခဲ့သည့် သူအများအ ပြားရှိနေပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း မြေပြိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...