ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်သူကို တရားရုံးမှ ဒဏ်ငွေချမှတ်

ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်သူကို တရားရုံးမှ ဒဏ်ငွေချမှတ်

 (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားနှင့်ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ကချင်ရိုးရာယဉ်ကျေးမှုအသင်း WGH ကို ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦး Tsawm Naw ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီလ ၁၇ ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားသူကြီးမှ ငွေဒဏ် ၃ သောင်း ချမှတ်လိုက်ပါသည်။

 

ခွင့်ပြုချက်မယူဘဲ လူစုလူဝေး ဆန္ဒပြခဲ့ခြင်းကြောင့် ဦးဆောင်သူ ဦး Tsawm Naw ကို မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုး မှ တရားလိုပြုကာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

“အမှုစီရင်တဲ့အပေါ်မှာ ကျနော့ကို ဦးစီး ဦးဆောင်တယ်ဆိုပြီး စွဲချက်တင်တာပေါ့နော်။ ဒါပေမဲ့ တကယ့် တကယ် ဦးဆောင်တယ် ဆိုတဲ့ထဲမှာ သူတို့ရဲ့ခွင့်ပြုမိန့်ကို တင်နေမဲ့အချိန်လည်း မဟုတ်တော့ဘူး။ အချိန်က နီးကပ်နေပြီ။ သူတို့လည်း မြေပြင်ရဲ့ အနေအထားကိုကြည့်ပြီး ကျနော့ကိုပဲ ဦးစီးဦးဆောင် ဆိုပြီးတော့ စွပ်စွဲလိုက်တာဖြစ်တယ်။ အဲတာကမဖြစ်သင့်ဘူး။ တကယ်ဆိုမြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ ဦးဆောင်နေတဲ့ ကော်မတီတွေလည်းရှိတယ်။” ဟု ဦး Tsawm Naw ပြောပါသည်။

(၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ကချင်လို ‘Jinghpaw Mungdaw Nhtoi’ ဆိုပြီး ခေတ်အဆက်ဆက် ပြုလုပ်လာပြီးနောက် ယခုနှစ်တွင် ‘Jinghpaw’ ကိုဖြုတ်ကာ အစီစဉ်ပြုလုပ်ရန် စီစဉ်ခဲ့သည့် ကချင်ရိုးရာယဉ်ကျေးမှုအသင်းကို ဖျက်သိမ်းပေးရန် ဇန်နဝါရီ ၇ ရက်နေ့တွင် ကချင်မျိုးနွယ်စု လူဦးရေ ၄၀ ခန့် မနောကွင်းရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

 

ထို့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကြားဝင်ညှိနှိုင်းပေးခြင်းအားဖြင့် ကချင်ပြည်နယ်နေ့ကို ကချင်ဘာသာဖြင့် ‘Jinghpaw Mungdaw Nhtoi’ ဟု ပြန်လည်ရေးသားရန် ပြည်နယ်အစိုးရ ညွန်ကြားကာ တစ်ရက်သာ မနောပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ကချင်ရိုးရာယဉ်ကျေးမှုအသင်းဦးဆောင်သော မနောပွဲနှင့် ဈေးရောင်းပွဲတော်များကို ဖေဖော်ဝါရီလသို့ ရက်နောက်ဆုတ်လိုက်ကြောင်းသိရပါသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...