ကချင်ဆရာမ နှစ်ဦး သတ်ဖြတ်ခံရခြင်း (၅) နှစ်ပြည့် ဆုတောင်းပွဲအစီစဉ် နေရာ ၂ ခုတွင် ပြုလုပ်မည်

ကချင်ဆရာမ နှစ်ဦး သတ်ဖြတ်ခံရခြင်း (၅) နှစ်ပြည့် ဆုတောင်းပွဲအစီစဉ် နေရာ ၂ ခုတွင် ပြုလုပ်မည်

ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦး၏ အမှု (၅) နှစ်ပြည့်အစီစဉ်ကို နေရာ ၂ခုတွင် ဆုတောင်းခြင်း အစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး (၅) နှစ်ပြည့် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်များကို ဇန်နဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်း မြစ်ကြီးနားမြို့ နောင်နန်း- ဂျော်ဘွမ် ခရစ်ယာန်ဆုတောင်းတောင်နှင့် ဆရာမ ၂ ဦးအသတ်ခံရသည့် ကောင်းခါးကျေးရွာတို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

အသက် ၂၀ ဝန်းကျင် ဆရာမ Maran Lu Ra နှင့် ဆရာမ Tangbau Hkawn Nan Tsin တို့ ၂ ဦး အတွက် အမှုမှန်ပေါ်ပေါက်ရေး ဆုတောင်းပွဲတစ်ခုဖြစ်ကြောင်း KBC မုံမောင်ဇုံနယ် အတွင်းရေးမှူး ဆရာဇော်ရာ ပြောပါသည်။

“ဒီအမှုနဲ့ ပက်သက်ပြီး မျက်မြင်သက်သေတွေတော့ ရှိတယ်။ ဒါပေမဲ့ အရမ်းကြောက်နေကြသလိုလည်း ရှိတယ် ၊ တစ်ချို့က လျှို့ဝှက်ထားတယ်။ ကြိုးစားနေပါတယ် ဒါကြောင့် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ ပြည်သူ တွေ စုပေါင်းပြီး နှစ်တိုင်း သတိရနေတယ်ဆိုတဲ့အကြောင်း စုဝေးဆုတောင်းကြတာ။ တစ်နေ့တော့ အမှုမှန်ဖော် ထုတ် နိုင်မယ်လို့ ယုံကြည်တယ်။” ဟု ပြောပါသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်သော အမှုမှန်ဖော်ထုတ်ရေးကော်မတီသည် ယခုအမှုနှင့်ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ပြီးနောက် သံသယရှိသော မြန်မာ့တပ်မတော် ခမရ (၅၀၃) စစ်ကြောင်းမှ တာဝန်ရှိသူများကို စစ်မေးရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက် မရသဖြင့် ယနေ့အထိ အမှန်မှန် မပေါ်ဘဲ ရပ်တန့်နေခဲ့သည်ဟု သိရပါသည်။

“တရားရုံးမှာ ကျနော်တို့ တရားလို ၊ တရားခံ ဆိုပြီး ဒီနေ့အထိ တရားစွဲလို့မရသေးဘူး။ ကျနော်တို့မှာ ဘာမှ မပြည့်စုံသေးဘူး အချက်အလက်တွေအားလုံးက ရဲလက်ထဲမှာဆိုတော့။ အမှုနဲ့ပတ်သက်ပြီး ထူးခြားမှုမရှိသေးလို့ အိမ်သားတွေကိုလည်း ပြန်ပြောဖို့ စကားမရှိသေးဘူး။” ဟု KBC ဥက္ကဌ သိက္ခာတော်ရ ဆရာ ခလမ်ဆမ်ဆွန် ပြောဆိုပါသည်။

ကချင် KBC စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး ဆရာမ Maran Lu Ra နှင့် ဆရာမ Tangbau Hkawn Nan Tsin တို့၂ ဦးသည် ကောင်းခါးကျေးရွာတွင်၂၀၁၄ ခုနှစ်မှ စတင်ပညာသင်ကြားပေးခဲ့ပြီး ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ညတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပါသည်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...