ရှမ်းမြောက် တပ်မတော်ကျူးလွန်သော ရာဇဝတ်မှုများ ဖြေရှင်းခြင်း မရှိ

ရှမ်းမြောက် တပ်မတော်ကျူးလွန်သော ရာဇဝတ်မှုများ ဖြေရှင်းခြင်း မရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပေါ် အမှန်တရားဖော်ဆောင်ခြင်း မရှိသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့မှ ထောက်ပြလိုက်ပါသည်။

 

၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်မှ ချိုးဖောက်ထားသည့် မတူညီသည့် ရာဇဝတ်မှု ၆ ခုပေါ် အသေးစိတ်လေ့လာထားသော အစီရင်ခံစာ ဇန်ဝါရီ (၇)ရက်နေ့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး KWAT မှ ထုတ်ပြန်သည်။

 

“နိုင်ငံတကာကလည်း မြန်မာတပ်မတော်ကို စစ်ရာဇဝတ်မှုချိုးဖော်နေကြောင်း ပြောနေချိန် အစိုးရဒေါ်အောင်ဆန်းစုကြည်က မဟုတ်ကြောင်း၊ ဥပဒေအရ စီစဉ်နေကြောင်း ပြောတာရှိတယ်။ ဒီလိုပြောခဲ့ပေမယ့် လက်တွေ့မြေပြင်အခြေအနေက ကွာခြားနေတဲ့အကြောင်း ၊ လူ့အခွင့်အရေးချိုးဖောက်မှုရှိနေတဲ့အကြောင်းနဲ့ အမှန်တရားရှာဖွေမှု လုပ်လို့မရတဲ့အကြောင်း ထောက်ပြချင်တာဖြစ်တယ်” ဟု KWAT မှ တာဝန်ရှိသူ San Htoi (ဒေါ်ဆန်ထွယ်) ပြောပါသည်။

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု ဆိုကာ ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကို တရားစွဲဆိုထားသည့်အမှုကြားနာသည့် ၂၀၁၉ ဒီဇင်ဘာ (၁၁)ရက်နေ့ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဒေါ်အောင်ဆန်းစုကြည်မှ ‘မြန်မာတပ်ဖွဲ့ဝင်များ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်အညီ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်မှ အရေးယူခြင်းခံရမည်’ ဟု ပြောဆိုခဲ့ပါသည်။

 

သို့သော်လည်း KWAT ကချင်အမျိုးသမီးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသော ရာဇဝတ်မှုများတွင် မြန်မာ့တပ်မတော်မှ ဆက်စပ်ပါဝင်နေသော်လည်း တရားမျှတမှု ရရှိရန် လုပ်ဆောင်မှု မရှိသေးကြောင်း ဖော်ပြထားသည်။

ဥပမာ ၂၀၁၉ ဇူလိုင် ၃ ရက်ည ကွတ်ခိုင်မြို့နယ် Nam Sung (နမ်ဆွန်ရွာ)ရှိ အသက် (၅၁)နှစ်အရွယ် Nhkum Nang Htoi (ဒေါ်အင်ခွမ်နန်ထန်)သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် KWAT အဖွဲ့၏လေ့လာမှုအရ တပ်မတော် ခလရ (၂၆၁)ကို သံသယရှိကြောင်း ဖော်ပြထားပါသည်။

အလားတူ အဆိုပါအမှုသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁၉)ရက်နေ့ Pangsai (Kyukok) ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကောင်းခါးကျေးရွာတွင် သတ်ဖြတ်ခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ ဝန်ထမ်းဆရာမ ၂ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်ဖြင့်လည်း ဆင်တူနေကြောင်း ဖော်ပြထားပါသည်။

ယင်းအမှုများကို ယနေ့ချိန်ထိ အမှန်တရားရှာဖွေရန် ပျက်ကွက်နေဆဲ ဖြစ်ပါသည်။

‘ဒီလိုပြဿနာကို ဘယ်သူမှ ဖြေရှင်းမှုမလုပ်ဘူးဆိုတာကို နိုင်ငံတကာကိုလည်း သိစေချင်တယ်။ UN Human Right Council ကိုလည်း သိစေချင်တယ်။ NLD အစိုးရကိုလည်း သိစေချင်တယ်။ အောက်မြန်မာပြည်က လူထုကိုလည်း ဒီအကြောင်း သိစေချင်တယ်။ မြန်မာပြည်ကို ကြည့်ရှု့နေတဲ့အဖွဲ့၊ အမှန်တရားရှာဖွေရေးအဖွဲ့တွေ၊ ဒီကို လာလို့မရတဲ့အဖွဲ့တွေ သိအောင်လည်း ရည်ရွယ်တယ်” ဟု Jan. Htoi San (ဒေါ်ဆန်ထွယ်) ထပ်မံပြောဆိုပါသည်။

 

အစီရင်ခံစာတွင်ဖော်ပြထားသော ရာဇဝတ်မှုများတွင် တပ်မတော်သားများ ဖမ်းဆီးနှိပ်စက်ညှင်းပန်းခဲ့သော ဒေသခံများ၊ မြန်မာ့တပ်မတော် လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသော ကွတ်ခိုင် မော်ဟစ်ဒေသခံများအကြောင်း ပြောပြထားပါသည်။

ရာဇဝတ်မှုများကို လျှော့ချရန် မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသသို့ ထိုးစစ်ရပ်တန့်ရန်လိုအပ်ပြီး စစ်အင်အားကိုလည်း လျှော့ချသင့်ကြောင်း KWAT အဖွဲ့ တောင်းဆိုထားပါသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...