ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး မွန်ပြည်သစ် ဆက်လက် တိုက်ပွဲဝင်မည်

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး မွန်ပြည်သစ် ဆက်လက် တိုက်ပွဲဝင်မည်

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်သည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ မွန်တမျိုးသားလုံး လိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအတွက် တစ်ဆို့မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း သံဃာတော်များ၊ မွန်ပြည်သူများ၊ အဖွဲ့အစည်းအမျိုးမျိုး တို့နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင် ဆက်လက်ရုန်းကန်သွားမယ်” ဟု ဆယ်ကြိမ်မြောက် ပါတီ ညီလာခံ အပြီး ကျေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာန ချုပ်တွင် ကျင်းပခဲ့သည့် ပါတီညီလာခံအပြီး ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ထိုကဲ့သို့ ပြောကြားထားခြင်းဖြစ်သည်။

NLD အစိုးရ တက်လာသည်မှာ ၄ နှစ်ကျော်သွားပြီ ဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ယနေ့ထိ ရုပ်လုံးမပေါ်သေးဟုလည်း ကြေညာချက်တွင် ပြောထားသည်။

ထို့အပြင် အစိုးရနှင့် တပ်မတော်တို့သည် တိုင်းရင်းသားများအပေါ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ပေး လိုသည့် နိုင်ငံရေးစိတ်ဆန္ဒမရှိသည့်အတွက် တစ်ဆို့မှုဖြစ်နေသည်ဟုလည်း မွန်ပြည်သစ်ပါတီ က ထောက် ပြထားသည်။

ရေရှည်တည်တန့်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန်ပေါ်ပေါက်လာရေးနှင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဖြစ် လာရေးသည် စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟုလည်း ပြောထားသည်။

မွန်ပြည်သစ်ပါတီအနေနှင့် နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ် ဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်ဘက်မှ NCA ချိုးဖောက်ပြီး မွန်ပြည်သစ်ပါတီ၏ ဂျပန်ရေတွင်းတပ်စခန်းကို ဝင်သိမ်း ခဲ့သည်။

နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် ပြန်ဆုတ်သွားသော်လည်း အနီးနားနေရာ၌ ယနေ့ထိ တပ်စွဲထား ဆဲ ဖြစ်သည်။

အဆိုပါကိစ္စ ပြေလည်နိုင်ရန်အတွက်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...