လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၅၅၀ကျော် ဘိန်းဖြူ ဖမ်းရ၊ ယာဉ်မောင်းလွတ်မြောက်

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၅၅၀ကျော် ဘိန်းဖြူ ဖမ်းရ၊ ယာဉ်မောင်းလွတ်မြောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင် ကျပ်သိန်း ၅၅၀ ကျော် တန်ဖိုး ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ရက် ညနေ ၄နာရီ တွင် လားရှိုးမြို့နယ် ပုန်းထွန် ကျေးရွာ အနီး လားရှိုး-မန္တလေး သွားကားလမ်း ပေါ်တွင် ကွတ်ခိုင်မြို့နေ တန်ဂွမ်း မောင်းလာသည့် ကားကို စစ်ဆေးရာ ဘိန်းဖြူ အလေးချိန် ၂.၈၉ ၃ ကီလို ( ကာလပေါက်ဈေး သိန်း ၅၇၈.၆ ) တို့ကို သိမ်းဆည်း ရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မှ သိရသည်။

ထိုပြင် ဘိန်းဖြူ သယ်ဆောင်လာသည့် ယာဉ်မောင်း တန်ဂွမ်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အဆိုပါ ယာဉ်ဖြင့်လိုက်ပါလာသည့် အသက် ၃၇နှစ် အရွယ် လွမ်းခေါင်၊ အသက် ၂၁ နှစ် အရွယ် ဂျီဂျာအိန်၊ အသက် ၂၃ နှစ် အရွယ် ဘောက်ဆိုင်းမိုင် နှင့် အသက် ၂၈ နှစ် အရွယ် ထိန်လင်းအောင် တို့ကို လည်း ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိမှာ ထွက်ပြေး သွားသည် ယာဉ်မောင်းကို စုံစမ်းနေပြီး၊ ဖမ်းဆီးခံရသည့် ယာဉ်နောက်လိုက် ၄ဦးကို နောင်မွန်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးနေကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့က ပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...