မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိ ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄နာရီ ဝန်းကျင်တွင် မူဆယ်မြို့နယ် လားရှိုး-မူဆယ် သွားကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီးတွင် အသက် ၃၀ အရွယ် ရှိ လိကြားကျန် မောင်းလာသည့် ကားကို စစ်ဆေးရာ ဘိန်းဖြူ အလေးချိန် ၆.၆ကီလို (ဒေသပေါက်ဈေး ကျပ်သိန်း ၁၃၂၀ ) နှင့် စိတ်ကြွဆေးပြား ၁၂၀၀၀၀ပြား (ဒေသပေါက်ဈေး ကျပ်ငွေ ၁၈၀၀၀) တို့ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် မူးယစ်ဆေးကို သယ်ဆောင်လာသည့် လိကြားကျန် အား မူဆယ်မြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူ ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးနေကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...