KNU နှင့် တပ်မတော်တို့ကြား တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမည်

KNU နှင့် တပ်မတော်တို့ကြား တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမည်

KNU-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့ ဦးဆောင် သည့် အဖွဲ့ဝင် ၁၂ဦးသည် ဗဟိုဌာနချုပ်မှ စတင်ထွက်ခွာပြီး မြန်မာ့တပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဒီဇင်ဘာလ ၁၀ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဟု KNU က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် တိုင်းစစ်ဌာနချုပ် ရိပ်သာ၌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မ တော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံပြီး ၂၀၁၂ ခုနှစ် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးပြီးနောက် အောက်ခြေ၌ ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုပြုလုပ်မည့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုသည် NCA လက်မှတ်ထိုးခြင်း ၄နှစ်မြောက် အခမ်းအနားကျင်းပပြုခဲ့စဉ် တပ်မတော်အဆင့်မြင့် ခေါင်းဆောင်များနှင့် KNU တို့ တွေ့ဆုံသဘောတူညီမှုမှ ရရှိသည့်ရလဒ်အရ ဖြစ်ပေါ်လာသည့် တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအချို့တွင် တပ်မတော်မှ အင်အားတိုးချဲ့ခြင်းကြောင့် အောက် ခြေတင်းမာမှုများအချို့ ဆက်လက်ရင်ဆိုင်ရကာ အထူးသဖြင့် KNU ၏ တပ်မဟာ ၃နှင့် တပ်မဟာ ၅ဒေသတို့တွင် ကားလမ်းတိုးချဲ့ဖောက်လုပ်ခြင်းတို့ သည် NCA ပါ အချက်များနှင့် ကွဲလွဲလျက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် စိန်ခေါ်ချက်ကြီးတစ်ရပ် ရင်ဆိုင်နေရသည် KNU ဘက်က ပြောသည်။

ယခုပြုလုပ်ရန်စီစဉ်နေသည့် အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ခြင်းအားဖြင့် တစ်နှစ်ကျော်ကြာ ရပ်တန့်နေသည့် NCA သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး-JICM အစည်းအဝေးကို ကျင်းပနိုင်ရေး အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ၂၁ရာစု ပင်လုံညီလာခံကို ဆက်လက်ကျင်းပနိုင်ရေးအတွက်လည်း အရေးပါသည့် အဆင့်တစ်ဆင့်ဖြစ်သည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU အနေဖြင့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ၂၀၁၈ခုနှစ်၊ မတ်လ KNU မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ခေးပူ-လယ်မူ ပလော ကားလမ်းဟောင်းနှင့် တပ်မဟာ(၃) နယ်မြေအတွင်းရှိ မူသဲ-ကျောက်ကြီးကားလမ်းကို ညှိနှိုင်းခြင်း၊ သဘောတူညီခြင်း မရှိဘဲ တပ်မတော်ဘက်က လမ်းဖောက်လုပ်သည်ဟုဆိုကာ အောက်ခြေတွင် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့သကဲ့သို့ လက်ရှိအ ချိန်ထိလည်း စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...