မြေပုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း တပ်မတော်ပြော

မြေပုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း တပ်မတော်ပြော

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှ စညှင်း ၊ ဟင်းခရော်နှင့် တုတ်ချောင်းကျေးရွာအနီးတဝိုက်တွင်  နိုဝင်ဘာလ ၃၀ ရက်က တပ်မတောာ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်(၈)နာရီ (၂၃)မိနစ်တွင် စညှင်းကျေးရွာ၏ တောင်ဖက် (၁.၂)ကီလိုမီတာ အကွာအဝေး၌လည်းကောင်း၊ နံနက်(၈) နာရီ(၄၅) မိနစ်အချိန်တွင် ဟင်းခရော်ရွာ မြောက်ဖက်(၁)ကီလိုမီတာခန့်အကွာအဝေးရှိ ကားလမ်းမအနီးတွင်လည်းကောင်း၊ နေ့လည်(၁၂) နာရီ(၄၃)မိနစ်တွင် တုတ်ချောင်းရွာ အနောက်မြောက်ဖက်အနီးတွင် လည်းကောင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဟင်းခရော်ကျေးရွာအနီးတိုက်ပွဲတွင် တပ်မတော်က အရပ်သားကားများကို အသုံးပြုခဲ့ကာ တိုက်ပွဲတွင် တပ်မတော်သား ၁၂ ဦး ကျဆုံးမှုရှိခဲ့ကြောင်းနှင့် လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မြေပုံမြို့နယ်အတွင်း မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“မနေ့က အဲဒီဟင်းခရော်အနီး ဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ကနေ စဖြစ်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ရှိတယ်။ ဒါပဲပြောလို့ရမယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားမှာနေရာများသို့ တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ကာ ရော့ကတ်၊ စက်သေနတ်များဖြင့် လှည့်လည်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲဖြစ်ပွားရာအနီးမှဒေသခံများမှာ ကြောက်လန့်ကာ လုံခြုံမည့်နေရာများတွင် ပုန်းအောင်းနေခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ် မွန်ထောင့်ရွာအနီးတွင်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူများရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်အထိကြာမြင့်လာခဲ့ပြီး လက်ရှိမှာ ပွင့်လင်းရာသီသို့ရောက်ရှိလာသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း နှစ်ဖက်လုံးက ပြောဆို ထားကြသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...