ဂျပန်ရေတွင်း တိုက်ပွဲ အရပ်သား ၄၀၀ ခန့် ထိုင်းဘက်ထွက်ပြေး၊ နေရပ်မပြန်နိုင်သေး

ဂျပန်ရေတွင်း တိုက်ပွဲ အရပ်သား ၄၀၀ ခန့် ထိုင်းဘက်ထွက်ပြေး၊ နေရပ်မပြန်နိုင်သေး

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတည်ရှိရာ ဂျပန်ရေ တွင်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ရာနှင့်ချီ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင် နေကြရပြီး နိုဝင်ဘာ ၂၈ ရက်တိုင် နေရပ်မပြန်နိုင်သေးဘဲ ရှိသည်။

တိုက်ပွဲကြောင့် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကြံတော၊ တပ်ရင်း (၃) ရွာများမှ ဒေသခံ ၄၀၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဒေသခံတွေကတော့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြတယ်၊ ထိုင်းဘက်မှာရှိတဲ့ မီးသွေးဖိုဘုန်းကြီးကျောင်၊း နမ်ကုတ်ဘုန်းကြီးကျောင်း၊ နောက် ထိုင်းဘက်က နေရာချပေးထားတဲ့ စစ်ရှောင်နေရာတွေမှာ နေနေကြတယ်၊ တချို့ကလည်း ဝင်းကရွာဘက်ကို ရောက်သွားတာတွေလည်းရှိတယ် ။ နောက် နီးစပ်ရာဆွေမျိုး အသိအိမ်တွေမှာ ခိုလှုံနေကြတာလဲရှိတယ်” ဟု ဒေသခံ ဦးဗညားက ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန် ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြပြီး ဂျပန်ရေတွင်းကျေးရွာက မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကိုလည်း တပ်မတော်နှင့် BGF ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ထားသည်ဟု ဒေသခံများက ပြောသည်။

တပ်မတော်နှင့် BGF တပ်သားများမှာ ကျေးရွာအတွင်းတွင် ဝင်ရောက်တပ်စွဲ ထား ခြင်းကြောင့် တိုက်ပွဲ ထပ်မံဖြစ် ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများမှာ နေရပ်ရင်းသို့ မပြန်ရဲသေးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေသည့် ဒေသခံများကို ထိုင်းအာဏာပိုင် ထိုင်းစစ်တပ် ထိုင်းရဲတာဝန်ရှိသူများက အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီပေးနေသည်ဟုလည်း ဦးဗညား က ပြော သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် နိုဝင်ဘာ ၂၇  နံနက်ပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူ ဘက်ခြမ်းတွင် တပ်မတော်နှင့် BGF တို့က အဝင်အထွက် ပိတ်ထားသလို ထိုင်းဘက်ခြမ်း ကိုလည်း ထိုင်းအာဏာပိုင်တို့က အဝင်အထွက် အသွားအလာ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးကတည်းက ဂိတ်တွေ ပိတ်ထားလိုက်တယ် ဘုရားသုံးဆူဘက်ခြမ်းမှာက BGF နဲ့ တပ်ဘက်က ပိတ်ထားတယ်၊ ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းတွေ ပိတ်ထားတယ် ကျောင်းကားတွေကအစ ပေးမသွားဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်အတွက်ဆိုပြီး တပ်မတော်နှင့် BGF စစ်ကြောင်းတို့ သည်  မွန်ပြည်သစ်ပါတီအခြေစိုက်စခန်းကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ် ပွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ အရာရှိ တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟု ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် အရပ်သားမှာ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ဆေးရုံတွင် ဆေးကုသခံယူနေသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...