KNU နှင့် အစိုးရ ထပ်မံတွေ့ဆုံရန် သဘောတူ

KNU နှင့် အစိုးရ ထပ်မံတွေ့ဆုံရန် သဘောတူ

NCA အကောင်အထည်ဖော်မှု ပိုမိုတိုးတက်မှု ရှိရန်နှင့် နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကရင် အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရတို့ ဒီဇင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုအတွင်း သဘောတူခဲ့ကြသည်ဟု တွေ့ဆုံမှုအပြီး နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC မှ ဦးဇော်ဌးက “အဲပေါ်မှာလည်း အသေးစိတ် ကျနော်တို့ ထပ် ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒါကတော့ ဒီဇင်ဘာ လအတွင်း အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ရှိပါတယ်။ PPST အစည်းအဝေး ကျင်းပဖို့ရှိတယ်။ အစည်းအဝေး ကျင်းပပြီး ရင်တော့ ကျနော်တို့ နှစ်ဖွဲ့ပြန်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဖို့ ဒါတွေလည်း ဒီနေ့သဘောတူညီခဲ့ပါတယ်။” ဟုပြော သည်။

ပြီးခဲ့သည့် NCA လေးနှစ်ပြည့်အခမ်းအ နားအပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့် KNU ခေါင်းဆောင်တို့တွေ့ ဆုံရာ တွင် သဘောတူ ထားသည့်အတိုင်း အစိုးရနှင့် KNU နှစ်ဖက်အလုပ်အဖွဲ့များ ဆက်လက် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်သည်ဟု ဦးဇော်ဌေး က ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် KUN ဖက်မှ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် ၄ ချက်အပေါ် ပြန်လည် ပြင်ဆင်ဖြည့် စွတ်ထားသည့် KNU ဖက်မှ အဆိုပြုချက်ကို ပေးအပ်ခဲ့သည်။

ယနေ့ဆွေးနွေးပွဲတွင်လည်း ၎င်းအဆိုပြုချက်များကို ထည့်သွင်း ဆွေးနွေး ခဲ့ကြပြီး နှစ်ဖက်သဘောထား နီးစပ်မှု ရှိသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက“ကျနော်တို့ အများ ကြီးနီး စပ်ပါတယ်။ ပြီးရင် ကျနော်တို့က ပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုပြီးတော့မှ ကျနော်တို့ NCA အဓိက အပိုင်း ၂ ပိုင်းရှိတာကိုး အဲဒီအပိုင်း ၂ ပိုင်းမှာ အခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲအပိုင်း ကို ပိုပြီးတော့ အများကြီး တိုးတက်မှုရှိတယ်။ အများကြီး နီးစပ်မှုရှိတယ် ပြီးတော့ ပစ်ခတ်ရပ်စဲရေးအပိုင်းလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်” ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှေင် PC မှ ဦးဇော်ဌေးကလည်း “KNU နှင့်လည်း ကျနော်တို့ အတိုင်ပင်ခံနဲ့ KNU ခေါင်း ဆောင်တွေ တွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ သဘော တူချက်တွေ ရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ ဘယ်လိုသွားကြမလဲ ကျနော်တို့ Content ပေါ့နော ပါဝင်တဲ့ အစိတ်အပိုင်းလေးတွေ ဒီနေ့ဆွေးနွေး ဖြစ်တယ်။ အဲပေါ်မှာလည်း အများအားဖြင့်တော့ နီးစပ်မှု ရှိတယ်”

သို့သော် ယနေ့တွေ့ဆုံမှုတွင် အချိန်အကန့်အသတ် ရှိနေသည့်အတွက် အဆိုပြုချက်ပါ အချက်အလက်များကို အသေးစိတ် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ဟု KNU က ပြောသည်။

“အဓိကကတော့ ကျနော်တို့ ကြားထဲမှာ ရှင်လင်းအောင် ကျနော်တို့ လုပ်ရမယ့် နှစ်ဖက် ပြန်ဆွေးနွေးရမယ့် ကိစ္စလေးတွေ တစ်ချို့ရှိတယ် ဒါလေးတွေပါပဲ။ အဲဒီအဆိုပြုချက်ထဲကနေ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပြီးမှ သူ့ဖက်စဉ်းစားမှု ကိုယ့်ဖက်စဉ်းစားမှု အသေးစိတ်ဆွေးနွေးနိုင်အောင်ပေါ့လေ အခုကတော့ ကျနော်တို့ အချိန် အကန့်အသတ် နည်းနည်းလေးရှိလို့ ဆိုတော့ အခုဟာတော့ ဘယ်လိုပုံစံမျိုး၊ အဲဒီဆွေးနွေးပွဲကို ဘယ်လိုပုံ စံမျိုး ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကနေစတာ ဆွေးနွေးကြတာပါ၊ ဒါပေမဲ့ အဲအပိုင်းကျတော့ နည်းနည်း ပိုပြီး တော့ Details အပိုင်းကိုသွားဖို့ သဘောတော့ ရှိပါတယ်နော်” ဟု ပဒိုစောတာဒိုမူး က ပြောသည်။

NCA ကနေသွားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအသီးသီးမှ စောင့်ကြည့်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ကြောင်းပြန်မလှည့် ရန်နှင့် အကောင်အထည်ဖော်မှုအပိုင်းတွင် တိုးတက်မှု ရှိအောင် ကြိုးပမ်းနေသည်ဟု ဦးဇော်ဌေး ကပြောသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် KNU တို့ တွေ့ဆုံမှုသည် ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်သည်ဟု နှစ် ဖက်ခေါင်းဆောင်များ က ပြောသည်။

ချင်းမိုင် ခရီးစဉ်အတွင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် NCA အပစ်ရ လက်မှတ် ရေးထိုးထားသည့် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ယနေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU တို့နှင့် သီးသန့်အလွတ်သဘောတွေ့ဆုံခဲ့သကဲ့သို့ တွေ့ဆုံခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...