ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဒေသခံများ လက်ခံမည်မဟုတ်

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဒေသခံများ လက်ခံမည်မဟုတ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စီစဉ်နေသည့် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများ လက်မခံမည်မဟုတ်ပဲ အခြားလောင်စာဖြင့် ပြောင်းလဲအသုံးပြုရန် တောင်းဆိုထားသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်မရောမြို့ နယ်အတွင်း ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စီစဉ်နေသည့် June Cement Industry Limited မှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) အကြောင်း လူထုရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာ ကုမ္ပဏီက ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုရှင်းလင်းပွဲကို ဘိလပ်မြေစက်ရုံတည်ဆောက်မည့်နေရာပတ်ဝန်းကျင်ရှိ မယ်ခရိုကျေးရွာတွင်  ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကယ်ခရို၊ ကော့ဒွန်၊ ကော့ပနော်၊ ကော့ဝမ်း စသည့် ကျေးရွာ ၅ တို့မှ ဒေသခံများ တက်ရောက်ခဲ့ကြကာ ကုမ္ပဏီမှ စက်ရုံတည်ဆောက်ခြင်း၊ ကျောက်မိုင်းတူးဖော်ခြင်းအကြောင်း ရှင်းလင်းမှု ပြုလုပ်ခဲ့သည်ဟု ကျိုက်မရောဒေသခံ နိုင်ရွှေဝင်းက ဆက်ပြောသည်။

“အဓိကကတော့ EIA နဲ့ ပတ်သက်တာတွေကို ရှင်းတယ် နောက်ပြီး  တော့ ကျောက်မိုင်းခွဲတာ နဲ့ပတ်သက်တာတွေ ရှင်းလင်းတယ်၊ ဒေသခံတွေဘက်ကတော့ ကျောက်မီးသွေးသုံးတာကို အလိုမရှိဘူး။”

လက်ရှိတွင် ကျိုက်မရောမြို့ နယ်အတွင်း၌ ကျောက်မီးသွေးအသုံးပြုပြီး လည်ပတ်နေသည့် MCL ဘိလပ်မြေစက်ရုံကို ဒေသခံများက ကန့်ကွက်လျက်ရှိပြီး ယခုတည်ဆောက်မည့် June ကုမ္ပဏီ ဘိလပ်မြေစက်ရုံကိုလည်း ကျောက်မီးသွေးသုံးလည်ပတ်မည်ဆိုပါက လက်မခံပဲ ကန့်ကွက်သွားမည်ဟု ဒေသခံများက ပြောသည်။

လူထုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံ နိုင်ရွှေဝင်း က “စက်ရုံမလည်ပတ်ခင် မှာ ကျောက်မီးသွေး အစား အခြားလောင်စာကို ပြောင်းလဲအသုံးပြုဖို့ ဒေသခံတွေ လက်မခံနိုင်လို့ လမ်းပေါ် ထွက်တာမျိုး ဖြစ်လာရင်တော့ ကုမ္ပဏီနဲ့ ဒေသခံနဲ့က အတူတကွသွားလို့မရတော့ဘူး စသဖြင့်ပေါ့ တင်ပြထားတယ်” ဟု က ပြောသည်။

June Cement Industry Limited အနေနှင့် ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်ရန် ပြည်ထောင်စုအစိုးရထံ ခွင့်ပြုမိန့် တင်ထားဆဲဖြစ်သည်။

June Cement Industry Limited ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက “ခွင့်ပြုမိန့်ကျလာမှ ဆောက်နိုင်မယ် လောလောဆယ်အနေနဲ့ကတော့ ခွင့်ပြုမိန့်မကျသေးဘူး” ဟု ပြောသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အား အသုံးပြုမည့်အပေါ် ဒေသခံတို့ စိုးရိမ်စရာမရှိအောင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုမရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းဒါရိုက်တာက ဆက်ပြောသည်။

“ဒေသခံတွေအနေနဲ့က ဘိလပ်မြေစက်ရုံ တည်ဆောက်နေတာကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး။ MCL ကို ကန့်ကွက်နေတာကလည်း ကျောက်မီးသွေးကို အသုံးပြုလို့ ကန့်ကွက်နေတာပါ။ June ကုမ္ပဏီလည်း ကျောက်မီးသွေးသုံးရင် ဒေသခံတွေက ကန့်ကွက်ကြမှာပဲ” ဟု ကျိုက်မရောမြို့ မယ်ခရိုင် ဒေသခံတစ်ဦး က ပြောသည်။

တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်ရန် လျာထားသည့် June Cement Industry Limited သည် ၂၀၁၆ ခုနှစ် မတ်လခန့်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိထားသည်။

ကျိုက်မရောမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီ (၃) ခုရှိပြီး ၎င်းတို့သည် Mawlamyine Cement Limited, June Cement Industry Limited, Myanmar-Korea Cement Group Company Limited တို့ ဖြစ်သည်။ လက်ရှိတွင် တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံတစ်ခုတည်းကသာ ဒေသခံများက ကန့်ကွက်နေသည့်ကြားက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစကာ ယနေ့အချိန်ထိထ စီးပွားဖြစ် ၂၄ နာရီ လည်ပတ်နေခြင်းဖြစ်သည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...