ကျေးရွာအနီး လက်နက်ကြီး၊ ငယ်ပစ်ခတ်မှုကြောင့် သြရမကျေးရွာသားများ ထွက်ပြေး

ကျေးရွာအနီး လက်နက်ကြီး၊ ငယ်ပစ်ခတ်မှုကြောင့် သြရမကျေးရွာသားများ ထွက်ပြေး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြောင့် ကျေးရွာသားများမှာ ပိုးရွှီပြင်ကျေးရွာနှင့် ဆင်သည်ကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

သြရမကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်မှုများရှိခဲ့ပြီး တပ်မတော်စစ်ကြောင်း တစ်ခုကလည်း ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများရှိသဖြင့် ရွာသားများ

ကြောက်လန့်ထွက်ပြေးလာခြင်းဖြစ်ကြောင်း သြရမကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“ရွာနားကို လက်နက်ကြီး၊ လက်နက်ငယ်ကျလို့ ကြောက်ပြီးထွက်ပြေးလာတာ။ ကျည်က ရွာထဲကိုတော့ မရောက်ဘူး။ တိုက်ပွဲဖြစ်လာ၊ မဖြစ်လာတော့မသိဘူး။ နောက်ပြီး တပ်ကရွာထဲကိုဝင်ပြီး မိုးပေါ်ကို လက်နက်ငယ်တွေ ပစ်တယ်။ သံသယရှိတဲ့ အိမ်တွေကိုဝင်စစ်တယ်” ဟု ၎င်းကဆိုသည်။

၎င်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိကြောင်း တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးက ပြောဆိုကြပြီး တပ်မတော်ဘက်က ၎င်းဒေသတွင် လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက သြရမကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသကဲ့သို့ ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများလည်းမရှိကြောင်း ပြောသည်။

ရွာသားများထွက်ပြေးလာရသည့် သြရမကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...