မြန်မာနိုင်ငံသည် ICC ကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိဟုဆို

မြန်မာနိုင်ငံသည် ICC ကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိဟုဆို

မြတ်ဝင်းကျော် - မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ကို အသိအမှတ်ပြုလေးစားလိုက်နာရန် တာဝန်မရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (International Criminal Court-ICC) ၏ ၂၀၁၈-၁၉ ခုနှစ် အစီရင်ခံစာကို အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးရာ၌ ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ICC ပဋိညာဉ်ရဲ့ မည်သည့်ပြဋ္ဌာန်းချက်တွင်မျှ ယင်းစာချုပ်ကို လက်ခံပါဝင်ထားတာမရှိတဲ့ နိုင်ငံအပေါ် တရားစီရင်ခွင့်ရှိတယ်လို့ ဖော်ပြထားတာမရှိ” ဟု ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ICC Pre-Trial Chamber က ၂၀၁၈ ခုနှစ် စက်တင်ဘာလ  ၆ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည်ကို လုံးဝပယ်ချပြီး ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံးလုပ်နည်းအရ မှားယွင်းချွတ်ချော်နေသလို ဥပဒေကြောင်းအရလည်း သံသယဖြစ်မိကြောင်း ၎င်းက တုံ့ပြန်သည်။

“ICC ဥပဒေချုပ်အနေနဲ့ မြန်မာကိစ္စမှာ ဥပဒေအရ လျော်ကန်မှုမရှိဘူး။ ဥပဒေချုပ်ဟာ နိုင်ငံရေးပယောဂနဲ့ ကိုယ်ကျိုးစိတ်ခံစားမှုကိုအခြေခံပြီး အမှုကိုတည်ဆောက်ခဲ့တာဖြစ်တယ်” ဟု မြန်မာအမြဲတမ်း ကိုယ်စားလှယ်က စွပ်စွဲခဲ့သည်။

ICC တရားသူကြီး၏ လျှောက်ထားချက်တွင် အာဆာအဖွဲ့၏ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခဲ့ရသည့်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိဖြင့်ဖုံးကွယ်ထားပြီး အချက်အလက်မှားများနှင့် အတည်မပြုနိုင်သည့် ထွက်ချက်များပါဝင်သော လူ့အခွင့်အရေးအစီရင်ခံစာများအပေါ်တွင် လုံးလုံးလျားလျား အခြေခံထားကြောင်း ၎င်းက ဆက်၍ပြောသည်။

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ ASEAN နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကူအညီဖြင့် နေရပ်စွန်သူများ ၎င်းတို့ဆန္ဒအလျှောက် လုံခြုံစွာပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိမိဆန္ဒအလျှောက် ပြန်လာသည့် နေရပ်စွန့်သူ (၄၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ကြောင့် ယခုအစည်းအဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မိမိတို့နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းကို တရားဝင်မှတ်တမ်းတင်ရန်နှင့် မြန်မာနိုင်ငံကိစ္စကို ICC သို့လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်။

==

Caption :   (ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသည့် မွတ်ဆလင်များထဲမှ

တချို့သည် UEHRD အစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့

တဖြည်းဖြည်းဝင်ရောက်လာမှုများ ရှိနေသည်။)

 

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...