အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် မြေစာရင်းဝန်ထမ်းကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်

အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် မြေစာရင်းဝန်ထမ်းကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်

ချလူးအောင် - ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် မြေစာရင်းဝန်ထမ်း ဦးမောင်လှသိန်းကို ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် စွဲချက်တင်ရန် သက်သေမခိုင်လုံသဖြင့် ဘူးသီးတောင်မြို့နယ်တရားရုံးက စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ဒီနေ့မနက် ၁၁ နာရီက လွှတ်လိုက်တာပါ။ အခုအိမ်ကိုရောက်နေပြီ၊ တရားစွဲမတင်နိုင်တာကြောင့် လွှတ်လိုက်တယ်လို့သိရတယ်” ဟု ဦးမောင်လှသိန်း၏ ဇနီး ဒေါ်သောင်းသောင်းအေးက DMG ကို ပြောသည်။

ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းစာရေးအဆင့်ရှိသူ ဦးမောင်လှသိန်း (၅၀) နှစ်အား ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးမောင်လှသိန်းကို အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းကို ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တရားဝင်အကြောင်းကြားစာ ရောက်ရှိလာသည်ဟု မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မင်းက ပြောသည်။

“ပုဒ်မ ၅၀(က)/၅၄ နဲ့ တရားစွဲတင်နိုင်ဖို့ သက်သေအထောက်အထား မရှိသလို နောက်လူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတစ်ခုမှာလည်း အဲဒီအချိန်မှာသူက သင်တန်းသွားနေချိန်ဖြစ်တဲ့အတွက် အကျုံးမဝင်ခဲ့ပါဘူး။ ဒါကြောင့် လွှတ်ပေးလိုက်တာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၁၇ ဦးအထိရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...