ရခိုင်အသင်း(စင်္ကာပူ) အမှုတွင် တရားလို ရဲမှူး တင်ရွှေကို ဆက်လက်စစ်ဆေး

ရခိုင်အသင်း(စင်္ကာပူ) အမှုတွင် တရားလို ရဲမှူး တင်ရွှေကို ဆက်လက်စစ်ဆေး

မြတ်ဝင်းကျော် - အကြမ်းဖက်ပုဒ်မများနှင့် တရားစွဲဆိုခံနေရသော ရခိုင်အသင်း(စင်္ကာပူ)အမှုအား နိုဝင်ဘာလ ၈ ရက်နေ့ ရုံးချိန်းတွင် တရားလို ရဲမှူးတင်ရွှေကို စွပ်စွဲခံရသူများဖက်မှ ပြန်လှန်စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအမှုတွင် ကိုတင်လှိုင်ဦး၊ မမေကြီးတို့နှင့်အတူ ဖမ်းဆီးခံရသည့် Taxi မောင်းသူ ကိုမြတ်လေးဦးသည် ၎င်းတို့နှစ်ဦးငှား၍ စီးပွားရေးအရသာ လိုက်ပါပို့ဆောင်ရခြင်းဖြစ်သဖြင့် ယခုစွဲဆိုခံထားရသော ပုဒ်မတို့နှင့် တစ်စုံတစ်ရာသက်ဆိုင်ခြင်းမရှိကြောင်း စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေက မေးမြန်းခဲ့သည်။

တရားလိုရဲမှူးတင်ရွှေက “ဟုတ်မှန်သော်လည်း AA နဲ့ ဆက်စပ်သူများကို လိုက်ပါပို့ဆောင်တဲ့အတွက် ကိုမြတ်လေးဦးကို စွဲဆိုရတာဖြစ်တယ်” ဟု ထွက်ဆိုခဲ့သည်။

ထို့နောက် အငှားယာဉ်မောင်းသူ ကိုမြတ်လေးဦး၏ လိပ်စာကဒ်အား သက်သေခံအဖြစ် ရုံးတော်ကလက်ခံရန် လျှောက်ထားခဲ့ကာ တရားလိုဖက်မှ ဥပဒေအရာရှိက ယင်းလိပ်စာပါ ဖုန်းနံပါတ်သည် အမှုတွဲပါ ဖုန်းနံပါတ်နှင့် ကွဲလွဲနေသဖြင့် ကန့်ကွက်ခဲ့သည်။

ယင်းသို့ကန့်ကွက်ပြီး ကိုမြတ်လေးမှာ ဆမ်းကဒ်နှစ်ခု ကိုင်ဆောင်ကြောင်းကို ပြန်လည်တင်ပြရာ တရားရုံးက သက်သေခံအဖြစ် လက်ခံလိုက်သည်။

ရခိုင်အသင်း(စင်္ကာပူ)ခေါင်းဆောင်များဖြစ်သော အေအေစစ်ဦးချုပ်၏ညီ ကိုအောင်မြတ်ကျော်ပါ ၈ ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)နဲ့ တရားစွဲဆိုထားခြင်းဖြစ်သည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...