မတ်ကျိုင်းနှင့် နားရိုင်း ပြည်သူ့စစ်နယ်မြေ အတွင်း တပ်မတော် စစ်ရေး လေ့ကျင့်

မတ်ကျိုင်းနှင့် နားရိုင်း ပြည်သူ့စစ်နယ်မြေ အတွင်း တပ်မတော် စစ်ရေး လေ့ကျင့်

သျှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းတွင် မြန်မာ့တပ်မတော် မှ စစ်လေ့ကျင့် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စစ်လေ့ကျင့်ရေး ကို အရှေ့အလယ်ပိုင်းတိုင်း( ရလခ) လက်အောက်ခံ တပ်ရင်းများနှင့် နမ့်စန်အခြေစိုက် လေတိုက်စခန်း ဌာနချုပ် တို့ ပူးပေါင်းပြီး နမ့်စန်မြို့ မှ အရှေ့တောင်ဘက် မတ်ကျိုင်း ပြည်သူ့စစ် အခြေစိုက် ပန်လျန်းဆိုင် ဒေသ နှင့် နားရိုင်း ပြည်သူ့စစ် အခြေစိုက် မိုင်းစစ် ဒေသ အတွင်း ပြုလုပ်ခဲ့သည်။

ထို စစ်လေ့ကျင့်ရေးကို မနက်ပိုင်း ၉ နာရီ မှ ၂နာရီထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောဆိုချက် အရသိရသည်။

မတ်ကျိုင်း ပြည်သူ့စစ် ဒုဥက္ကဌ ဆရာဆိုင်လျန်း က “ ကျနော်တို့ ဆီကို အကြောင်းကြားပြီးလာတယ်။ စစ်ရေး လာကျင့်တာနေမယ်။ ဒီမနက် ၉ နာရီ လာပြီး မွန်းတည့်လောက် ပြန်သွားတယ်။ အတိအကျတော့ ကျနော်မသိဘူး။ အဲ့အချိန်က စာသင်နေတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြန်မာ့တပ်မတော် စစ်လေ့ကျင့်မှုတွင် သံချပ်ကာ ကား၈စီး၊ တွဲကား နှင့် အမြှောက် ၂လက်၊ စစ်လေယာဉ် ၃စီး နှင့် စစ်ကား ၂၀တွင် စစ်အင်အား ၁၀၀ကျော် တို့ ပါဝင်ကြောင်း ပန်လျန်းဆိုင် ဒေသခံများ ပြောပြချက် အရ သိရသည်။

မတ်ကျိုင်း ပြန်သူ့စစ် ကို ဦးစိုင်းလူ ခေါင်းဆောင်ပြီး၊ နားရိုင်းပြည်သူ့စစ် ကို ဂျိုးဆန်း က ဦးဆောင်ကာ ၁၉၉၆ ခုနစ်တွင် MTA (မိုင်းတိုင်းတပ်မတော်) မှ လက်နက်ချပြီး စစ်အစိုးရ မှ ပြည်သူ့စစ်အဖြစ် ပြန်လည် တာဝန်ခန့်အပ်ခဲ့သည့် အဖွဲ့များဖြစ်သည်။

အဆိုပါ ဒေသ ပတ်ပတ်လည်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA ) ထိန်းချုပ်လှုပ်ရှားသည့်ဒေသဖြစ်သည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...