လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ
Photo Credit to Lashio Youth-
Photo Credit to Lashio Youth-

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရား၀တ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး   ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။

“သံဃာတော်တွေ ဘုရား ရှိခိုးနေချိန် ဆရာတော်က စင်္ကြန် လျှောက်နေတဲ့အချိန်အပြင် ကနေပြီး ၀င်ပစ်သွားတာ ပေ ၄၀-၅၀ လောက် ရှိမယ်။ ဒဏ်ရာ ၅ ချက် ခေါင်း နဲ့ ကိုယ်ခန္ဓာ မှာ ထိမှန်တာ  ပွဲချင်းပြီး ဘဲ” – ဟု လားရှိုး နေ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ပြောသည်။

ဆရာတော် ဉီးပညာဇောတ သက်တော် ၄၅ နှစ် ဝါတော် ၂၅ သည် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျောင်းတိုက် တွင် ၂၀၀၃ ခုနှစ်မှစပြီး ကျောင်းထိုင် ကာ ဘုရားအမှုပြုလာခဲ့သည်မှာ ၁၆ ဝါ ရှိ ပြီဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ ဆရာတော်ဉီးပညာဇောတ ၏ ရုပ်ကလာပ်တော်အား လားရှိုးဆေးရုံတွင် ပို့ဆောင်ကာ တာ၀န်ရှိများက စစ်ဆေးနေကြောင်းသိရှိရသည်။

ခေးနင်းရွာသည် လားရှိုးမြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ လားရှိုး-သီပေါကြားတွင် တည်ရှိပါသည်။

၂၀၁၈ ခုနှစ်က အောက်တိုဘာလ ၅ ရက် ယမန်နှစ်ကလည်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဉီးကလျာဏဝံသ  အားလည်း အမည်မသိလက်နက်ကိုင် ဆိုင်ကယ်စီးလူနှစ်ဉီးက ၀င်ရောက်ပစ်ခတ်သည့်အတွက် သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် ပျံလွန်တော်မူသွားသည်။ အဆိုပါ လူသတ်သမား အားလည်း ယနေ့တိုင် တာ၀န်ရှိများက ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...