သီပေါမြို့ နယ် လယ်သမား ၂ ဦး လယ်ရေလုရင်း ရိုက်နှိက်မှု ဖြစ်ပွား

သီပေါမြို့ နယ် လယ်သမား ၂ ဦး လယ်ရေလုရင်း ရိုက်နှိက်မှု ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပန်ဆင်မ် ကျေးရွာနေ လယ်သမား ၂ ဦးသည် လယ်ယာရေသွင်းရန် ရေလုကြရာမှ အချင်းများပြီး ရိုက်နှိက်သည့် အဆင့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီ တွင် လယ်ချင်းကပ်လျက်ရှိသော အသက် ၆၀ ကျော် လုံးအောင်ပီးနှင့် အသက် ၄၈ နှစ် အရွယ် လုံးကျော် တို့သည် လယ်ယာစိုက်ပျိုးရေးအတွက်လယ်ရေသွင်းရာ၌ အချင်းများကြရာ  ရိုက်နှိက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရိုက်နှက်မှုကြောင့် လုံးအောင်ပီးမှာ ဦးခေါင်းပေါက်ကွဲဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာဆေးပေးခန်း၌ဆေးကုသမှုခံယူနေကြောင်း လည်း ပန်ဆင်မ် ကျေးရွာ ဒေသခံ က ပြောသည်။

“ မနေ့က သူတို့ လယ်ရေသွားသွင်းကြရာမှာ ရန်ဖြစ်တာ။ လယ်ရေက မိုးကျမှ သွင်းဖို့ရှိတာလေ။ သူလည်းသူ့လယ်သွင်းချင်ကိုယ်လည်းကိုယ့်လယ်သွင်းချင်ဆိုတော့ ရေလုကြရင်း လုံးအောင်ပီးကု လုံးကျော်က ဝါးရင်းတုတ်နဲ့ ရိုက်တာ။ လုံးအောင်ပီး ဦးခေါင်း ဒဏ်ရာရသွားတယ်” ဟု ဒေသခံ စိုင်းလှ က ပြောသည်။

လယ်သမား ၂ ဦး ပြသနာဖြစ်ပွားသည့် သီပေါမြို့နယ် ပန်ဆင်မ်ကျေးရွာသည် သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်ရာနေရာဖြစ်သည်။လက်ရှိတွင်ရိုက်နှက်မှုကျူးလွန်သူကို  SSPP/SSA မှ ခေါ်ယူစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...