နမ္မချောင်းပေါ် ရေကာတာ တည်ဆောက်မည့် ကုမ္ပဏီမှ ဒေသခံများနှင့်တွေ့ဆုံရန် ကြိုးစား

နမ္မချောင်းပေါ် ရေကာတာ တည်ဆောက်မည့် ကုမ္ပဏီမှ ဒေသခံများနှင့်တွေ့ဆုံရန် ကြိုးစား
Photo Credit to Numma Youth- နမ္မချောင်းပေါ် ရေကာတာအလိုမရှိကြောင်း နမ္မဒေသခံများ ဆန္ဒထုတ်ဖော်နေပုံ (ပုံဟောင်း)
Photo Credit to Numma Youth- နမ္မချောင်းပေါ် ရေကာတာအလိုမရှိကြောင်း နမ္မဒေသခံများ ဆန္ဒထုတ်ဖော်နေပုံ (ပုံဟောင်း)

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ နမ္မချောင်းပေါ်ရေကာတာ တည်ဆောက်မည့် Unienergy ကုမ္ပဏီ က ဒေသခံများနှင့် တွေ့ဆုံရန် ကြိုးစားနေသည့်အပေါ် ဒေသခံများက အလိုမရှိကြောင်း ပြောဆိုလိုက်သည်။

ရေကာတာ တည်ဆောက်မည့် ကုမ္ပဏီကတွေ့ဆုံရန်ကမ်းလှမ်းလာမှုကို နမ္မ ဒေသခံများ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ငြင်းပယ်ကာ အလိုမရှိကြောင်း စာတစောင်ပါထုတ်ပြန်ခဲ့သည်။

ရေကာတာတည်ဆောက်ရေးအတွက် အစိုးရနှင့် MOU ထိုးပြီးနောက်ပိုင်း ကုမ္ပဏီ ဝန်ထမ်းများ သည် ဒေသခံများနှင့် တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း နမ္မဒေသခံ များက ရွာအဝင်လမ်း တွင် ဝါးလုံး များဖြင့် ပိတ်ပင်တားမြစ်ကာ အတွေ့မခံခဲ့ကြောင်း နမ္မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းပီး က ပြောသည်။

“ ကျနော်တို့ သူတို့နဲ့ တွေ့ဖို့ မရှိဘူး။ အတွေ့လည်း မခံဘူး။ ရေကာတာ တည်ဆောက်မယ့် အကြောင်း မဆွေးနွေးချင်ဘူး” ဟု နမ္မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းပီး က ပြောသည်။

ရေကာတာ တည်ဆောက်ပါက ဒေသခံများအတွက် ဆိုးကျိုးများ ခံစားရမည်ဖြစ်သဖြင့် ကုမ္ပဏီ နှင့် မတွေ့ဆုံလိုကြောင်းနှင့် ရေကာတာကိုလုံးဝအလိုမရှိကြောင်း ကန့်ကွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ရှိ နမ့်ပေါင်နှင့် နမ္မချောင်းဆုံတွင်ရေကာတာတည်ဆောက်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ ကုမ္ပဏီသည် ဒေသခံများနှင့် တွေ့ဆုံရန် အကြိမ်ကြိမ်ချဉ်းကပ်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလကလည်း ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်မှ သီပေါမြို့နယ် ဆိုင်းလျန်ရွာရှိ ဒေသခံများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့သေးသည်။



Photo Credit to Numma Youth- သဘာ၀အတိုင်းစီးဆင်းနေသော နမ္မချောင်းအလှ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မချောင်းပေါ် ၂၅ မီဂ္ဂါဝပ် ထွက်ရှိမည့် ရေကာတာ တည်ဆောက်ရေးစီမံကိန်းကို ဒေသခံ လူထုကန့်ကွက်သည့် ကြား တည်ဆောက်နိုင်ရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် MOU ကို ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ရေကာတာ တည်ဆောက်မည့်နေရာသည့် ၂၀၁၆ ခုနစ်တွင် မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်များ အကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားသည့် နေရာဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...