ကျောက်မဲခရိုင်အတွင်း လက်ဖက်ခြံရှင်းရင်း မြေမြုပ်မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ

ကျောက်မဲခရိုင်အတွင်း လက်ဖက်ခြံရှင်းရင်း မြေမြုပ်မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ
Photo by Tin Maung Thein/ ယမန်နေ့ တောင်ပလို့ ရွာသား မြေမြုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာရပုံ
Photo by Tin Maung Thein/ ယမန်နေ့ တောင်ပလို့ ရွာသား မြေမြုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာရပုံ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်ဆန်ကျေးရွာအုပ်စု တွင် လက်ဖက်ခြံ သွားရှင်းသည့်ဒေသခံများ မြေမြုပ်မိုင်းနင်းမိရာ အမျိုးသားတဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈  ရက် ယမန်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က တောင်ပလို့ရွာနှင့် ပန်ဆန်ရွာကြားရှိ လက်ဖက်ခြံကို အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးသာအေးနှင့် အသက် ၃၀ ကျော် ဝန်းကျင်ရှိ စိုင်းပန်းစံ တို့ သွားရှင်း စဉ် ဦးသာအေး  မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ စိုင်းပန်းစံ သည် မိုင်းစ ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ဇီဝိတ လူမှုကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနက် ၁၀ နာရီမှာလက်ဖက်ခြံမှာ ပေါင်းရှင်းရင်း မြေမြုပ်မိုင်းနင်းမိတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော်တို့သွားခေါ်တယ်။ တယောက်ကတော့ ပွဲချင်းပြီးပဲ၊ တယောက်ကတော့ မိုင်းစ တော်တော်များ များ ထိတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိဘူး။ ညနေ ၅နာရီ ခွဲ မှာတော့ ကျောက်မဲဆေးရုံရောက်တယ်” ဟု ဦးတင်မောင်သိန်း ကဆိုသည်။

မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် စိုင်းပန်းစံ ညာရင်ဘတ်၊ ဘယ်လက်ဖမိုး၊ ညာလက်ဖျံ၊ ဘယ်ခြေသလုံး၊ ညာပေါင် နှင့် ဗိုက်တို့ ထိမှန်ခဲ့ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်းလည်း သိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ လနှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်း နင်းမိသည့် ပြည်သူ ၆ ဦး ရှိကာ ၄ ဦးသာ ကျောက်မဲဆေးရုံသို့ ရောက်ရှိလာသည် ဟု သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံလှုပ်ရှားနေထိုင်သောကျောက်မဲမြို့နယ်အတွင်း လက်ရှိတွင်ပစ်ခတ်တိုက်ခိုက်မှု ငြိမ်သွားပြီဖြစ်သော်လည်းဒေသခံလူထုမှာ မြေမြုပ်မိုင်းများဆက်တိုက် နင်းမိမှု ဖြစ်ပွါးနေပါသည်။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...