တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာ နယ်စပ် တာချီလိတ်မြို့ အာခါစျေး မီးပွိုင့် အနီးတွင် ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်က ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက် ယနေ့ မွန်းလွှဲပိုင်းက တာချီလိတ်မြို့ အာခါစျေးမီးပွိုင့်အနီးရှိ “ထားထားလွင်” ရွှေဆိုင် ကို အမျိုးသား ၂ ဦး က လာရောက် ဓားပြတိုက်ရာ ရွှေဆွဲကြိုး ၂ ကျပ်သား ပါသွားကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦးလာတယ်။ ဓားနဲ့ ထောက်ပြီးတော့ ဓားပြတိုက်သွားတယ်။ ရွှေဆွဲကြိုး ၂ ကျပ်သား ပါသွားတယ်။ တရားခံက မမိသေးဘူး။ ရွှေဆိုင်တွေကို အချက်ပေးတဲ့ စနစ်တပ်ဖို့လည်း မှာထားပါတယ်” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

လက်ရှိမှာတော့ တာချီလိတ်မြို့တွင်းကို ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း၊ ထိုင်းနယ်စပ်ဒေသဖြစ်သည့် အလျောက်တရားခံကို ဖမ်းဆီးရန် ခက်ခဲကြောင်း ဦးချမ်းမြေ့စော က ပြောသည်။

ယခုနှစ် မေနှင့် ဇွန်လကလည်း “ နန်းနန်းဘွန်းကျောက် ၂” ရွှေဆိုင်နှင့် ဇူလိုင်လ တွင် “ ရှင်းဒါး”ရွှေဆိုင် အနုကြမ်းစီးခံခဲ့ရကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...