ငြိမ်းချမ်းရေးရှေ့ဆက်မည့် လုပ်ငန်းစဉ် ဆွေးနွေးရန် PPST အစည်းအဝေး ပြုလုပ်မည်

ငြိမ်းချမ်းရေးရှေ့ဆက်မည့် လုပ်ငန်းစဉ် ဆွေးနွေးရန် PPST အစည်းအဝေး ပြုလုပ်မည်

ငြိမ်းချမ်းရေး ရှေ့ဆက်မည့်  လုပ်ငန်းစဉ် ဆွေးနွေးရန် အတွက်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ အတွင်း ပြုလုပ်မည်ဟု သတင်းရရှိသည်။

PPST အဖွဲ့သည် အပစ်ရပ်စဲရေး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်   ၁၀ ဖွဲ့ပါဝင်သည်။

“ ဒီလ ၁၀ ရက်ကနေ ၁၂ ရက်ထိ ၃ ရက်ကျင်းပဆွေးနွေးမှာပါ။ အဓိကတော့ ငြိမ်းချမ်းရေး ရှေ့ဆက်ဖို့ ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ ကိစ္စကို အဓိက ဆွေးနွေးပါမယ်” ဟု NCA ထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်  RCSS/SSA  အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆက်လက်ပြီး  အစိုးရ ဘက်မှ အဆိုပြုထားသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချက် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှ အဆိုပြု ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချက်များကိုလည်း ထိုအစည်းအဝေးတွင် ပြန်လည် ညှိနှိုင်းရန် ရှိကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

အပစ်ခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို၂၀၁၈ ခုနှစ် နိုဝင်ဘာ လ မှ စတင်ပြီး ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များမှာ  ကရင်အမျိုးသား အစည်းအရုံး  (KNU)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA )၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ( ALP )၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA ) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ( KNU/KNLA- PC) တို့ဖြစ်သည်။

ထို့ပြင် ၂၀၁၈ ခုနှစ် တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA လက်မှတ်ရေးထိုးခဲ့သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...