နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် စိတ်ကြွဆေးပြား ခုနှစ်သိန်းခွဲဖိုး ဖမ်းမိ

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် စိတ်ကြွဆေးပြား ခုနှစ်သိန်းခွဲဖိုး ဖမ်းမိ
by -
မဇ္ဈိမ
 နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ(၁)တွင် ကာလတန်ဖိုး ကျပ် ခုနှစ်သိန်းခွဲရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည့်ဖြစ်စဉ် ဇန်နဝါရီ ၁၂ရက်၊ နံနက် ၁၀နာရီ၊ ၄၅မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)၊ အဆောင်(၂)၊ အခန်း(၆)တွင် မူးယစ်ဆေးဝါးသတင်းအရ သွားရောက်ရှာဖွေစဉ် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ် ရ၅၀၀၀၀ ရှိသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၄၈)ပြားနှင့် အစိမ်းရောင်းဆေးပြား(၂)ပြား ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆိုပါ အမျိုးသမီးအား စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြားများအား ကျူကုတ်မြို့မှ ဆေးပြား(၂၅၀)ပြား တစ်ထုတ်လျှင် ငွေကျပ်(၁)သိန်းခွဲဖြင့် ဝယ်ယူခဲ့ပြီး ၎င်းမှ ဆေးပြားတစ်ပြားလျှင် ငွေကျပ်(၂၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုလည်း ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှတ်(၁)မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...