ကျည်ထိမှန်ခဲ့သည့် ပြည်နယ်သံဃနာယက ဆရာတော်ကို ရန်ကုန်သို့ပို့ဆောင်

ကျည်ထိမှန်ခဲ့သည့် ပြည်နယ်သံဃနာယက ဆရာတော်ကို ရန်ကုန်သို့ပို့ဆောင်
by -
မင်းထွန်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ ကျည်ထိမှန်ခဲ့သည့် ဆရာတော်ကို စစ်တွေဆေးရုံမှ ရန်ကုန်ဆေးရုံသို့ အောက်တိုဘာလ ၂ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း ဆရာတော်ကို အနီးကပ် စောင့်ရှောက်နေသူများက ပြောသည်။

မီးဝကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခံရမှုကြောင့် ပြည်နယ်သံဃနာယက အတွင်းရေးမှူး မီးဝကျောင်းထိုင်ဆရာတော်အပါအဝင် ယင်းကျောင်းမှ ကိုရင်တစ်ပါး၊ ကျောင်းသား ၂ ဦးနှင့် ကျောင်းဆရာမတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ယင်းအထဲမှ ဆရာတော်ကြီးနှင့် ကိုရင်မှာ ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ အရေးပေါ် ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ပြီး ဆရာတော်ကို ရန်ကုန်ဆေးရုံသို့ပို့ဆောင်မည်ဟု ဆရာတော်အား အနီးကပ်စောင့်ရှောက်နေသည့် ဦးစောလှမောင်က စက်တင်ဘာလ ၂ ရက်နေ့က ပြောသည်။

“ ဒဏ်ရာက လက်မှာတစ်ချက်၊ ဘယ်ဘက်လက်ပေါ်မှာ တစ်ချက်၊ နောက်ပြီး အဆုပ်မှာ အစလေးတစ်စရှိတယ်လို့ ပြောတယ်။ ဓာတ်မှန်ရိုက်တဲ့အခါမှာ အစလေးရှိတယ်ဆိုတာ သိတာ။ ခွဲစိတ်မယ့်အခြေအနေကလည်း ဘယ်လိုလဲမသိ့ဘူး။ ဆရာဝန်ကြီးလည်း မရှိဆိုတာနဲ့ ရန်ကုန်မှာ ဆေးကုမယ်ဆိုပြီး ဆန္ဒတွေနဲ့ပါ ” ဟု ဦးစောလှမောင်က ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား မောင်ဆန်းဝင်းလှိုင် (၁၄) နှစ်၊ မောင်တောင်ဘား (၁၅)နှစ်၊ ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ် တို့မှာ ကျောက်တော်ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။

မီးဝကျေးရွာသားများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စစ်ဘေးခိုလှုံနေကြစဉ် ယင်းကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပ်မတော်နေဗီက လှမ်းပစ်လိုက်သည့်အတွက် ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

သို့သော် တပ်မတော်ဘက်က လက်မခံဘဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘက်ကပစ်လိုက်သည့် ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်နေဗီက ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...