မင်းပြားမြို့ ကြပ်စင်တံတားပေါ်တွင် လူသတ်မှုကျူးလွန်ခဲ့သည့်တရားခံအား ရဲတပ်ဖွဲ့မှပစ်ခတ်ဖမ်းဆီး

မင်းပြားမြို့ ကြပ်စင်တံတားပေါ်တွင် လူသတ်မှုကျူးလွန်ခဲ့သည့်တရားခံအား ရဲတပ်ဖွဲ့မှပစ်ခတ်ဖမ်းဆီး
by -
ဝင်းညွန့်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကြပ်စင်တံတားအဆင်းနေရာတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ကျော်အချိန်က မူးယစ်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့်တရားခံအား ဖမ်းဆီးရန်ခက်ခဲသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ခြေထောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သတင်းရရှိသည်။

အခင်းဖြစ်စဉ်မှာ မင်းပြားမြို့နယ် ခမောင်းတောကျေးရွာနေသူ ဦးမောင်ဟန်သိန်း ၃၉ နှစ်မှ ကြပ်စင်တံတားတွင် မူးယစ်ရမ်းကားပြီး ဓားဖြင့်လိုက်ခုတ်သဖြင့် လမ်းသွားလာနေများထဲမှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း မင်းပြားမြို့ရဲစခန်းမှ သိရသည်။

“လူတစ်ဦးက ဓားနဲ့လိုက်ခုတ်နေတယ်လို့ ကျနော်တို့ကို သတင်းလာပေးတယ်။ ကျနော်တို့ဆီက နယ်ထိန်း ခေါင်းဆောင်ရယ်၊ အရာရှိတစ်ယောက်ရယ်၊ တပ်ဖွဲ့ဝင်တွေရယ် သွားပြီးထိန်းသိမ်းတာပေါ့။ အခင်းဖြစ်တဲ့ နေရာမှာ ဦးစိန်လှအောင်ဆုံးတယ်။ ဒေါ်ဦးကြာကတော့ ဆေးရုံမှာဆုံးတယ်။ ကျန်တဲ့ မဇာဇာမိုးနဲ့ ဒေါ်လှနု ကတော့ မင်းပြားဆေးရုံကို ပို့လိုက်ပါတယ်” ဟု မင်းပြားရဲစခန်းမှူး ဒုရဲမှူးအောင်သူမျိုးက ပြောသည်။

၎င်းဖြစ်စဉ်တွင် မင်းဘာကျေးရွာမှ ဦးစိန်လှအောင် ၆၅ နှစ်နှင့် ကျားပိုက်ကေကျေးရွာမှ ဒေါ်ဦးကြာ ၆၄ နှစ်တို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထိုသို့ ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ ခြေထောက်၌ဒဏ်ရာရရှိခဲ့သူတစ်ဦးနှင့် ကျန်တစ်ဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် မင်းပြားဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းပေးထားကြောင်း မင်းပြားမြို့နယ်ဆရာဝန် ဒေါက်တာစိုးမြင့်ထွန်းက ပြောသည်။

“မဇာဇာမိုးမှာတော့ ခြေထောက်ကျိုးသွားတယ်။ ဒေါ်လှနုမှာ ဦးခေါင်းရဲ့ နောက်ကျောမှာရတာ။ ဦးခေါင်း နောက်ကျောမှာဆိုတော့ ခေါင်းကိုထိမှာစိုးလို့ ကျွန်တော်တို့ဆေးတွေသွင်းပြီး လိုအပ်တဲ့ပစ္စည်းတွေ ထည်ပြီးတော့ ဒီနေ့မနက်က စစ်တွေဆေးရုံကို လွဲပေးလိုက်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ လူသတ်မှုကျူးလွန်ခဲ့သည့် ဦးမောင်ဟန်သိန်းအား ဒဏ်ရာများဖြင့် မင်းပြားအချုပ်သားလူနာဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကို ပြောဆို၍မရသေးကြောင်း မင်းပြားရဲစခန်းမှ ဒုရဲမှူးအောင်သူမျိုးက ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...