တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်မှ စိုက်ပျိုးမြေဧက ၁ သောင်းခွဲကျော် မစိုက်ပျိုးခဲ့ရ

တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်မှ စိုက်ပျိုးမြေဧက ၁ သောင်းခွဲကျော် မစိုက်ပျိုးခဲ့ရ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ စိုက်ပျိုးမြေဧက ၁ သောင်းခွဲကျော်ကို စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးက သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တိမ်းနေရသည့် ကျေးရွာ ၂၈ ရွာရှိသည့်အနက် ကျေးရွာ ၁၁ ရွာမှာ စိုက်ပျိုးနိုင်မှုလုံးဝမရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးမောင်မောင်ညီက ပြောသည်။

“လုံးဝမစိုက်ပျိုးနိုင်ခဲ့တာ ၁၁ ရွာရှိတယ်။ တောင်ယာစိုက်ပျိုးတာက ၈ ရွာ၊ တောင်ယာနဲ့ လယ်ယာရောစိုက်တာ က ၂ ရွာ။ ကျန် ၁၇ ရွာကတော့ စိုက်ပျိုးနိုင်ခဲ့တယ်။ အဲဒီရွာတွေမှာ အားလုံးစိုက်ပျိုးတာရှိသလို တစ်ချို့တစ်ဝက် စိုက်ပျိုးတာတွေလည်းရှိတယ်။ စိုက်ပျိုးခဲ့ပေမယ့် လူတွေမရှိတော့ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့အတွက် ပျက်စီးတာတွေလည်း ရှိနိုင်တယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်ကျေးရွာ ၂၈ ရွာတွင် မိုးစပါးစိုက်ပျိုးနိုင်သည့် ပုံမှန်စိုက်ဧက ၃၈၅၁ ဧကဖြစ်ပြီး လက်ရှိ ၂၂၆၄ ဒသမ ၆၀ ဧကသာစိုက်ပျိုးနိုင်ခဲ့ကာ ၁၅၈၆ ဒသမ ၄၀ ဧကမှာ လုံးဝစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးနိုင်မှုမရှိခဲ့သော်လည်း ဘူးသီးတောင်မြို့နယ်အတိုင်းအတာဖြင့် လက်ရှိစိုက်ပျိုးထားသည့် စိုက်ဧကနှင့် ဆန်စပါးဖုံလုံမှုရှိနေသေးကြောင်း မြို့နယ်စိုက်ပျိုးရေးမန်နေဂျာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ တိုက်ပွဲဖြစ်ပွားမှုနယ်မြေနှင့် စစ်ဘေးရှောင်ဒေသများတွင် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲရှိသည့် လယ်ယာမြေစုစုပေါင်း ၉၉၆၀၀ ဧကခန့်ရှိကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြီးခဲ့သည့် မေလအတွင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ထုတ်ပြန်ထားမှုကြောင့်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များမှ တောင်သူလယ်သမားများမှာ မိမိတို့ လယ်ယာလုပ်ငန်းခွင့်များသို့ သွားရောက်လုပ်ကိုင်ရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၎င်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြား တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပုဒ်မ ၁၄၄ ကိုလည်း သက်တမ်းတိုးပြီး ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...