အငူမော်ကျေးရွာသားတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်

အငူမော်ကျေးရွာသားတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်
 ဓာတ်ပုံ - Aung Than Wai / Facebook
ဓာတ်ပုံ - Aung Than Wai / Facebook

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဦးမောင်စံသိန်း အသက် ၅၀ နှစ်ကို နေအိမ်အတွင်းမှ လက်လုပ်ဗုံးတွေ့သည်ဟုဆိုကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် ဦးမောင်စံသိန်းကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ ၅၁(ဂ)၊ ၅၂ (က)တို့ဖြင့် အငူမော် ရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းသိရပြီး ယနေ့ စက်တင် ဘာလ ၂၄ ရက်နေ့တွင် ဦးမောင်စံသိန်းကို စစ်တွေမြို့နယ်တရားရုံးမှ ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရထားရသူ ဦးမောင်စံသိန်းသည် ဂဟေဆော်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အကြမ်းဖက် လုပ်ငန်းနှင့်ပတ်သက်မှုမရှိကြောင်း သားဖြစ်သူ ကိုခိုင်လင်းနိုင်က ပြောသည်။

“မတရားစွပ်စွဲခံရတာပါ။ အဲဒီပစ္စည်းကို ဘယ်သူထားလို့ ဘယ်လိုရသွားတယ်ဆိုတာလည်း မသိလိုက်ဘူး။ အဲဒီနေ့က အသုဘရှိလို့ အိမ်မှာဘယ်သူမှမရှိဘူး။ အဲဒီအချိန် အိမ်ထဲမှာဗုံးတွေ့တယ်ဆိုပြီးတော့ ကျနော့် အဖေ့ကိုခေါ်လာတယ်။ ပြီးတော့ ရဲတွေရယ်၊ အုပ်ချုပ်ရေးမှူးရယ်ပါတယ်။ စစ်တပ်က ရှေ့ကကောက်ပြီးတော့ ပြတယ် ဗုံးဆိုပြီးတော့။ အဲဒါဗုံးဆိုတာလည်း သူတို့ပြောမှသိတာ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က အငူမော်ရှိ အဲလ်ရှားဝါးဇက်ဆိက်ကမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ပစ်ခတ်မှုများလည်းရှိခဲ့ကာ ၎င်းဖြစ်စဉ်အတွင်း ဦးကျော်ဝင်း အသက် ၅၀ နှစ်မှာ ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ အငူမော်ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့ကာ ဦးမောင်စံသိန်း၏ နေအိမ်မှ လက်လုပ်ဗုံးတွေ့သည်ဟုဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိတွင် ဦးမောင်စံသိန်းအား စစ်တွေမြို့မရဲစခန်းတွင်ထိန်းသိမ်းထားပြီး လာမည့် အောက်တိုဘာလ ၇ ရက်နေ့တွင် ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...