မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်
ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

(၂၄) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ်အာဏာပိုင်များ၏ ဒေသအဆင့်အစည်းအဝေးကို တနင်္လာနေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းဝေးတွင် နှစ်နိုင်ငံနယ်နိမိတ် စီမံခန့်ခွဲရေးကိစ္စ၊ နှစ်နိုင်ငံအကျဉ်းသားများဆိုင်ရာ ကိစ္စ၊ တောရိုင်းတိရစ္ဆာန် မှောင်ခို ကူးသန်းရောင်းဝယ်မှုနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဆိုင်ရာ ကိစ္စနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးနှင့် အိန္ဒိယဘက်မှ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန် မစ္စတာ Shri Satyendra Garg တို့ ဦးဆောင်တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးကို ၁၉၉၄ ခုနှစ်တည်းက မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် တစ်လှည့်စီကျင်းပခဲ့ရာ ယခု (၂၄) ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...