ဘူးသီးတောင်မြို့နယ်ရှိ တပ်ဌာနချုပ်တစ်ခုကို AA တိုက်ခိုက်

ဘူးသီးတောင်မြို့နယ်ရှိ တပ်ဌာနချုပ်တစ်ခုကို AA တိုက်ခိုက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော် တပ်ဌာနချုပ်တစ်ခုအား စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်(AA)က ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ဌာနချုပ်၏ အရှေ့ဘက်တောင်ကြောနေရာမှ Yype 63 ၁၀၇ မီလီမီတာအမျိုးအစား ဒုံးသီးလေးလုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်ဌာနချုပ်ရှိ လူနေအဆောက်အအုံအချို့ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ကလေးငယ်နှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဝေးကလှမ်းပစ်တာ၊ အဆောက်အအုံအချို့ပျက်စီးသွားတယ်။ ကလေး ၂ ဦးဒဏ်ရာရတယ်၊ ၄ လုံးပစ်တယ် ၃ လုံးကွဲတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ အေအေဘက်က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားသည်။

ယခုတိုက်ခိုက်ခံရသည့် တပ်ဌာနချုပ်သည် ဘူးသီးတောင်မြို့အရှေ့ဖက် ၃ မိုင်ခန့်အကွာ ဘူးသီးတောင်-စိုင်းတင် ကားလမ်းဘယ်ဘက်တွင် တည်ရှိသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်မှနေရာယူထားသည့် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာအရှေ့ဘက် တောင်ကုန်းအား ရက္ခိုင့်တပ်တော်(AA)ဘက်က ညဉ့် ၁၁ နာရီခန့်တွင် တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

“ဥယျာဉ်သာကျေးရွာ အရှေ့ဘက်မှာရှိတဲ့ စေတီဟောင်းတောင်ကုန်းကို အေအေက လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ခဲတယ်။ အထိအခိုက်တစ်စုံတစ်ရာတော့ မရှိပါဘူး။ စခန်းတောင်ကုန်းလည်း ဘာမှမဖြစ်ပါဘူး” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဘူးသီးတောင်တိုက်ပွဲနှင့်ပတ်သက်၍ သတင်းအတိအကျ မရသေးသဖြင့် ပြော၍မရသေးကြောင်း ဆိုသည်။

မနေ့က ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်သုံးပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...