အငူမော်တွင် မိုင်းပေါက်ကွဲပြီးနောက် လက်နက်ကြီးငယ်များ ပစ်ခတ်မှုရှိခဲ့၊ ဒေသခံတစ်ဦး ကျည်ထိသေဆုံး

အငူမော်တွင် မိုင်းပေါက်ကွဲပြီးနောက် လက်နက်ကြီးငယ်များ ပစ်ခတ်မှုရှိခဲ့၊ ဒေသခံတစ်ဦး ကျည်ထိသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်ရှိ အဲလ်ရှားဝါး ဇက်ဆိပ်ကမ်းအနီးတွင် ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် အငူမော်ကျေးရွာသားတစ်ဦးက “ပထမဆုံး မိုင်းပေါက်ကွဲတာပါ။ အဲလ်ရှားဝါးဆိပ်ကမ်းမှာ ပေါက်ပြီးတာနဲ့ ဆိပ်ကမ်းမှာရပ်နေတဲ့ ဇက်ကလည်း လက်နက်ကြီးပစ်တယ်။ ကုန်းပေါ်ကလည်း လက်နက်ကြီးနဲ့ ဝိုင်းပစ်ကြတယ်။ မြစ်ပြင်မှာရှိတဲ့ ရေတပ်သင်္ဘောကလည်း အမြောက်နဲ့ ၂ ချက်ပစ်တယ်။ ဘယ်သူကို ပစ်တာလည်း မသိတော့ဘူး။ ပစ်သံတွေ ဆူညံနေတာပါပဲ၊ ပစ်ခတ်သံတွေ နာရီဝက်လောက် ကြားနေရတယ်” ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများအတွင်း အငူမော်ပိုက်ဆိပ်မှ ဦးကျော်ဝင်း ၅၀ နှစ်သည် ဖရဲခင်းတွင် ခြံပြုပြင်နေစဉ် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်က ၂ ချက် ၃ ချက်လောက်ပစ်တယ်၊ ပစ်သံ ပေါက်ကွဲသံကြောင့် အခုခရီးသွားပြည်သူတွေ ခရီး စဉ်တွေ ယာယီရပ်ထားရတယ်” ဟု အငူမော်ဆိပ်ကမ်းမှ ကိုမောင်ဘုက ယနေ့နံနက်က ပြောသည်။

အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဇက်အတက်အဆင်းလုပ်နေသည့် နေရာတွင် မိုင်းတစ်လုံးခွဲခြင်းဖြစ်ကြောင်း ဆိုသည်။

“ပုံမှန် ဇက်အတက်အဆင်းလုပ်နေတဲ့ နေရာကို မိုင်းတစ်လုံးခွဲတယ်၊ ဒါပဲရှိတယ်။ ဘာရွာသားမှ ကျတာမရှိဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အငူမော်မှ ဈေးဆိုင်ခန်းများကိုပိတ်ထားရပြီး ရွာသူ၊ ရွာသားများမှာလည်း နီးစပ်ရာကျေးရွာများသု့ိ ထွက်ပြေးသွားကြကြောင်း သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...