ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း ရခိုင်တွင် တိုက်ပွဲပုံမှန်ဖြစ်ပွား

ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း ရခိုင်တွင် တိုက်ပွဲပုံမှန်ဖြစ်ပွား

စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ ပုံမှန်ဖြစ်ပွားလျှက်ရှိသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဥယာဉ်သာကျေးရွာအနီး တပ်မတော်မှ လက်နက်ကြီးစခန်းတစ်ခုကို AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“တိုက်ပွဲကတော့ ပုံမှန်ရှိနေတယ်လို့ပြောလို့ရတယ်။ ဗမာစစ်တပ်ဖက်ကတော့ ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင်မှုမရှိတဲ့ နေ့တွေမှာတောင် လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ နေ့ခင်းရော၊ ညပါ စည်းမရှိကမ်းမရှိ  ပစ်နေတာတွေရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းရှိနေတယ်လို့ ပြောလို့ရတယ်။ တစ်ခုမှာမရှိရင် တစ်ခုမှာရှိတယ်။ မနေ့ကညလည်း ဗမာစစ်တပ်ဖက်က ဥယဉ်သာရွာနားမှာ လွန်ခဲ့တဲ့ တစ်ပတ်ကစပြီး လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်နေတာတွေရှိတယ်။ စည်းမရှိကမ်းမရှိပစ်နေတဲ့အတွက် မနေ့က ကျွန်တော်တို့ဖက်ကသွားပြီးတော့ တားဆီးတဲ့အနေနဲ့ တန်ပြန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ သူတို့ကို သတိပေးပစ်ခတ်တာပေါ့”ဟု ခိုင်သုကပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုရာတွင် ရခိုင်ပြည်နယ်၌ AA ရှိနေသရွေ့တိုက်ပွဲများ ဖြစ်နေဦးမည်ဖြစ်ပြီး AA ရခိုင်ပြည်နယ်က ထွက်သွားမှသာလျှင် တိုက်ပွဲများလျော့ကျသွားမည်ဖြစ်ကြောင်းဆိုသည်။။

“ကျွန်တော်တို့ကတော့ နယ်မြေရှင်းလင်းရေးလုပ်နေတာဘဲလေ။ တိုက်ပွဲလျော့ဖို့ဆိုတာကိုတော့ ခန့်မှန်းလို့မရဘူး၊ သုံးသပ်လို့မရဘူး။ AA ရှိနေသရွှေ့ တိုက်ပွဲကတော့ဖြစ် နေအုံးမှာဘဲ။ AA ရခိုင်ပြည်ကနေ ထွက်သွားပြီ ဆိုလို့ရှိရင်တော့ တိုက်ပွဲတွေကို လျှော့ချသွားလိမ့်မယ်။ AAရှိနေသရွှေ့ ကာလပတ်လုံးကတော့ တိုက်ပွဲက လျော့ကျမှာ မဟုတ်ဘူး။ တိုက်ပွဲကတော့ ရှိနေအုံးမှာပဲ။ AA ရှိနေသမျှ ရခိုင်ပြည်နယ်သည် တိုက်ပွဲလုံးဝလျော့မကျဘူး။ AA မရှိတဲ့တစ်နေ့မှာ တိုက်ပွဲတွေလျော့ကျ သွားမယ်” ဟုပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ခတ်ရပ်ဆဲကြောင်း ထုတ်ပြန်ချက်တစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အပစ်ရပ်ကာလကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်ပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင်ပြန်လည် ထုတ်ပြန်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...