ရခိုင်မှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ကျန်းမာရေးအခက်အခဲနှင့်ရင်ဆိုင်နေရ

ရခိုင်မှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ကျန်းမာရေးအခက်အခဲနှင့်ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များသည် ကျန်းမာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးဒုက္ခသည်များထံ သွားရောက် အကူအညီပေးခဲ့သည့် ရန်ကုန်လူမှုကယ်ဆယ်ရေးအဖွဲ့(YRO)က ပြောသည်။

စစ်ဘေးဒုက္ခသည်များသည် သောက်သုံးရေများကို မသန့်ရှင်းဘဲ သောက်သုံးနေရသဖြင့် ကျန်းမာရေးပိုင်းတွင် ပိုမို အခက်အခဲဖြစ်နေကြသည်ဟု YRO အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မြအေးက ဆိုသည်။

“စခန်းတွေမှာ ကလေးတွေ မျက်စိနာနေတာတွေ တွေ့ခဲရတယ်။ ဒါက သောက်သုံးရေ သန့်ရှင်းမှုမရှိဘူး။ ကျန်းမာရေးတွေ ထိခိုက်နေတာကို ကျွန်မတို့တွေ့ခဲ့ရတယ်။ အဓိကတော့ သောက်သုံးရေမကောင်ဘူး။ ပြီးတော့ ရေအလာနည်းပါးတယ်။ တချို့စခန်းတွေမှာ သောက်သုံးရေဟာ ရွှံ့ရေလောက်ပဲ သောက်သုံးနေရတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန် လူမှုကယ်ဆည်ရေးအဖွဲ့သည် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များရှိ တိမ်ညို၊ စင်းဘောကိုင်း၊ လက်ကောက်ဈေး၊ ဝါးတောင်၊ အင်းသား၊ ရွှေကျန်၊ မြတ်လဲှ စသည့်စခန်း ၇ ခုသို့ ကိုယ်တိုင် သွားရောက်ကာ ငွေကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိသည့် အစားအစာများနှင့် ဆေးဝါးများကို လှူဒါန်းပေးခဲ့သည်။

၎င်းအဖွဲ့အနေဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိနေရပ်သို့ မပြန်နိုင်သေးသည့်တိုင် ဒုက္ခသည်များအတွက် ဆက်လက်ကူညီပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်ခင်မြအေးက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေး ဒုက္ခသည် ၆ သောင်းကျော်အထိ ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန် ထားပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၆၀ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်းလည်း ဆိုသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...