စစ်ဘေးဒုက္ခများတွင် ပြည်စုံသည်ဟူ၍မရှိကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်အစိုးရအဖွဲ့ကိုပြော

စစ်ဘေးဒုက္ခများတွင် ပြည်စုံသည်ဟူ၍မရှိကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်အစိုးရအဖွဲ့ကိုပြော

နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများသည် ဒုက္ခသည်များဖြစ်ပြီး ၎င်းဒုက္ခသည်များတွင် တစ်ခုမျှ ပြည့်စုံသည်ဟူ၍ မရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အဲဒီလိုဒုက္ခသည်တွေမှာ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ တစ်ခုမှမပြည့်စုံဘူး။ ကိုယ့်အိမ်ကိုယ့်ယာကို ထားခဲ့ရတယ်။ ကျွဲ၊ နွားတွေကို ထားခဲ့ရတယ်။ အဲဒီထဲမှာ ကံဆိုးတာက ကံအကြောင်းမလှလို့ သေသွားကြတဲ့၊ သားသမီးတွေ၊ မိသားစုဝင်တွေရှိကြတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုမရှိဘူး၊ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုမရှိဘူး” ဟု ဦးစံကျော်လှက ဆိုသည်။

စစ်ဘေးဒုက္ခသည်များအား အကူအညီပေးနေသည့် WFP နှင့် ICRC အဖွဲ့တို့ကို ဒုက္ခသည်စခန်းများတွင် ဆန်ရိက္ခာပြည့်စုံသူဟုဆိုကာ ဆန်ရိက္ခာထောက်ပံ့မှုကို ရပ်တန့်ထားရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားခဲ့မှု အပေါ် လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒုက္ခသည်ပါဆိုမှ ဆန်ပြည့်စုံတယ်၊ ဆီပြည့်စုံတယ်ဆိုတာ ရှိပါ့မလား။ ဆန်ပေးထားလို့ ဆန်ပိုနေရင် အပိုရတဲ့ ဆန်ကလေးကို သူရောင်းစားလို့မရဘူးလား။ မရောင်းစေနဲ့ဆိုတဲ့ စာချုပ်လုပ်ထားလား။ အဲဒီဆန်ကိုရောင်းလို့ ရတဲ့ငွေလေးကို ငါးဝယ်စားလို့မရဘူးလား၊ ဟင်းဝယ်လို့မရဘူးလား” ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဒုက္ခသည်များအတွက် ဆန်ရိက္ခာ ပိတ်ပင်ထားခြင်းမှာ ဆန်လုံလောက်မှုရှိသည့်အတွက် ပိုလျှံသွားခြင်း မဖြစ်စေရန်နှင့် အခြား ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် စားနဲ့ရိက္ခာများအား ပိုမိုဖြည့်စွက် ပေးနိုင်ရန်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တပ်တော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ခံနေရသည့် ဒုက္ခသည်ဦးရေ ၆ သောင်းကျော်အထိ ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲနှင့် လိုအပ်ချက် များစွာရှိနေကြသည်။

အဆိုပါ ဒုက္ခသည်များကို စောင့်ရှောက်ရမည့်တာဝန်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ရှိသကဲ့သို့ ရခိုင်ပြည်နယ် လွှတ်တော်၌လည်း တာဝန်ရှိကြောင်းနှင့် အစိုးရအဖွဲ့မှ လုပ်သင့်သည်ကိုမလုပ်၊ ပေးသင့်သည်ကို မပေးပါက ကြောင့်ကြရမည့်တာဝန် လွှတ်တော်တွင်ရှိကြောင်း၊ ထိုသို့ထောက်မပြဘဲ လွှတ်တော်မှ ရေငုံတိတ်ဆိတ်နေ့ပါက လွှတ်တော်တာဝန်မကျေကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...