တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပေါ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရေးအဆို တပ်မတော်သား ကိုယ်စားလှယ်များကန့်ကွက်

တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပေါ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရေးအဆို တပ်မတော်သား ကိုယ်စားလှယ်များကန့်ကွက်

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်ကာ လေ့လာစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပေးရေးအဆိုကို စက်တင်ဘာလ ၁၈ ရက်နေ့ ပြည်နယ်လွှတ်တော်တွင်တင်သွင်းခဲ့ရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်မှုများ ရှိခဲ့သည်။

အရပ်သားများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များသည် မည်သည့်အဖွဲ့ကြောင့်ဖြစ်သည် ဆိုသည်ကို ပြည်နယ်အစိုးရအပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းကာ လေ့လာစုံစမ်းပြီး ပြည်သူသို့ ချပြနိုင်ရန်ဖြစ်ကြောင်း အဆိုရှင် မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“စုံစမ်းလေ့လာရေး ကော်မတီ၊ ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးတော့ ဒီသေဆုံး၊ ဒဏ်ရာရမှုတွေဟာ ဘယ်သူ့ ကြောင့်ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြည်သူကို ချပြနိုင်ဖို့အတွက် ဒီအဆိုကိုတင်ရတာ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးသူဦးရေ ၈၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာ ၁၂၀ ကျော်အထိရှိကြောင်း ၎င်းအဆိုမှသိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသွားသူများသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့် စစ်မြေပြင်တွင် ထိခိုက်ခဲ့ခြင်းမဟုတ်ဘဲ မိမိတို့နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီး၊ လက်နက်ငယ်၊ အမြောက်ကျည်ဆံ ထိမှန်ပြီး ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်းလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ခဲ့ကြသည်။

ယင်းသို့ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး အချက်အလက်ရယူရမှာ လုံခြုံရေးယူပေးမည့်သူ မရှိကြောင်းနှင့် သတင်း အမှန်များကိုလည်း မရရှိနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

“အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ ဖော်ထုတ်ချင်တာ။ ဒါပေမယ့် အေအေက ပစ်တာလား၊ တပ်ကပစ်တာလား ဘယ်ပြောလို့ရမလဲ။ အဲဒီတော့ ဘယ်သူမှလည်း သေချာမသိနိုင်ဘူး။ အေအေကပစ်တယ်ထားအုံး၊ အေအေခင်ဗျားတို့ပစ်တာ၊ ခင်ဗျားတို့တာဝန်ယူဆိုပြီးတော့ ဘယ်လိုပြောမလဲ။ ဘယ်လိုမှ မပြောနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

အဆိုကို ဆက်လက်ဆွေးနွေးရန် ကန့်ကွက်မှုများရှိသဖြင့် လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူသူ ၂၄ ဦး၊ သဘောမတူသူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးနှင့် ကြားနေ ၁ ဦးရှိခဲ့ပြီး သဘောတူသူ အရေအတွက်များသဖြင့် ပြည်နယ်လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...