ခရီးသွားလာရောက်မှုမရှိသဖြင့် မြောက်ဦးဧည့်လမ်းညွှန်များ အခက်တွေ့နေ

ခရီးသွားလာရောက်မှုမရှိသဖြင့် မြောက်ဦးဧည့်လမ်းညွှန်များ အခက်တွေ့နေ

ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်အတွင်းမှ ခရီးသွားလုပ်ငန်းတွင်ကျယ်သော မြို့တစ်မြို့ဖြစ်သော်လည်း တပ်မတော်နှင့် အေအေတို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ မြောက်ဦးမြို့သို့ ခရီးသွားလာရောက်မှု တဖြည်းဖြည်းလျော့နည်းလာကာ လက်ရှိမှာ ခရီးသွားတစ်ဦးမျှ လာရောက်လှည့်ပတ်မှု မရှိတော့ကြောင်း သိရသည်။

ခရီးသွားများ လာရောက်မှုမရှိသောကြောင့် မြောက်ဦးမြို့ပေါ်တွင် ဧည့်လမ်းညွှန်အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ အလုပ်လက်မဲ့ဖြစ်နေကြသည်မှာ ၇ လခန့် ရှိနေပြီဖြစ်သည်။

၂၀၁၉ ခုနှစ် အစောပိုင်းမှစတင်ကာ မြောက်ဦးမြို့သို့ ခရီးသွားလာရောက်မှု လုံးဝမရှိတော့ခြင်းကြောင့် ဧည့်လမ်းညွှန်လုပ်ကိုင်နေသူများသည် အခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်လာနေကြရသည်။

“မြောက်ဦးမှာ ဧည့်လမ်းညွှန်လုပ်ကိုင်နေတာ ၁၅ ဦးလောက်ရှိတယ်။ လက်ရှိအလုပ်မရှိတဲ့အတွက် တချို့ဆိုရင် ဆိုင်ကယ်ကယ်ရီဆွဲတာတွေ တွေ့လာရတယ်။ ကျနော်ဆိုရင်လည်း လက်ရှိမှာ အင်္ဂလိပ်စာသင်တန်းပြနေရတယ်။ သင်တန်းကာလပြီးရင်တော့ အလုပ်မရှိတော့ဘူးပေါ့။ တော်တော်လေးခက်ခဲတဲ့ အခြေအနေကိုရောက်နေတယ်” ဟု ဧည့်လမ်းညွှန်လုပ်နေသူ ကိုဦးသန်းထွန်းကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုသည် ၂၀၁၂ ခုနှစ်က စတင်လျော့နည်းလာခဲ့ပြီး ၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်းတွင် ခရီးသွားဝင်ရောက်မှု ပိုမို လျော့နည်းလာခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့အချိန်ကစပြီး အလုပ်အကိုင်မရှိဖြစ်သွားတယ်။ အရင်ကဆိုရင် သူ့ဟာနဲ့သူအဆင်ပြေတယ်။ အခု တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာ ကျနော်အပါအဝင် ဧည့်လမ်းညွန်တွေ၊ ကားဆရာတွေ အကုန်လုံးခက်ခဲသွားတယ်” ဟု မြောက်ဦးမြို့တွင် ဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ကိုစိုးနေလင်းက ဆိုသည်။

ထို့ပြင် မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်အတွင်းမှ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် မြို့နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ထိုသို့ပြုလုပ်ထားမှုကြောင့်လည်း ခရီးသွားလုပ်ငန်းများကို ထိခိုက်မှုရှိနေသည်။

ဧည့်လမ်းညွှန် လုပ်ကိုင်နေသူများက မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန်နှင့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်လိုလားနေကြပြီး အင်တာနက်လိုင်းပြန်လည်ရရှိမည်ဆိုပါက ခရီးသွားလုပ်ငန်း တစ်နည်းနည်းဖြင့် အဆင်ပြေလာဖြစ်ကြောင်း ဆိုကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...