အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် ဘုန်းကြီးနှစ်ပါးနှင့် အရပ်သားသုံးဦးကို ရုံးထုတ်

အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် ဘုန်းကြီးနှစ်ပါးနှင့် အရပ်သားသုံးဦးကို ရုံးထုတ်

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် တရားစွဲခံထားရသည့် ဘုန်းကြီးနှစ်ပါးအပါအဝင် အရပ်သားသုံးဦးတို့ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်တွင် ဖမ်းဆီးတရားစွဲခံထားရသူများ၏ ဆက်သွယ်ရေးဖုန်းများကို နေပြည်တော် နည်းပညာကျွမ်းကျင်အရာရှိ ရဲအုပ်ကျော်ဇော်မျိုးမြင့်က ရှာဖွေစစ်ဆေးခဲ့ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံမှ သိရသည်။

ယခုကဲ့သို့ မတရားဖမ်းဆီးခံထားရသဖြင့် မိသားစုဝင်များမှာ စိတ်ပင်ပန်းနေရကြောင်း ဖမ်းဆီးခံထားရသည့် ကိုကျော်ဆန်း၏ ဖခင်ဖြစ်သူ ဦးဦးစောမောင်ကပြောသည်။

“ဧပြီလကစပြီး အခုထိဖမ်းဆီးခံနေတဲ့အတွက် ဝမ်းနည်းမိတယ်။ သူ့ဇနီး၊ သူ့သားသမီးတွေကို ကျွေးမွေးနေရတယ်။ ဦးလေးကလည်း ရုံးချိန်းကိုလာရတာ ငွေအကုန်အကျများပြီး စိတ်ပင်ပန်းရတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ ညအချိန်တွင် ပုဏ္ဏားကျွန်းမြို့ သီရိမဉ္ဇူကျောင်းတိုက်ဆရာတော် ဥုံးသုဝဏက မြောက်ဦးမြို့ ဂန္ဓမာတောင်ကျောင်းတိုက်ဆရာတော် ဥုံးညာဏကို မြောက်ဦးမြို့သို့ ကားဖြင့် လိုက်ပါပို့ဆောင်စဉ် ကိုဦးကျော်ဆန်း၊ ကိုသိန်းဟန်နှင့် ကိုမောင်မြထွန်းတို့လည်း အတူလိုက်ပါလာခဲ့ကြပြီး ကျောက်တာ်မြို့နယ် ကန်စောက်တောင်အနီးတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူ ၅ ဦးထဲတွင် ဆရာတော် ဥုံးသုဝဏ၊ ဆရာတော် ဥုံးညာဏနှင့် ကိုဦးကျော်ဆန်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နှင့် တရားစွဲဆိုထားပြီး ကိုသိန်းဟန်နှင့် ကိုမောင်မြထွန်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) / ၅၂(က)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

“အခုလိုသားတစ်ယောက်လုံး အပြစ်မရှိဘဲ ဖမ်းဆီးခံထားရတဲ့အတွက် အမေမှာတော့ ရင်ကွဲမတတ်ခံစားရတယ်။ အခုလို ရုံးထုတ်တာလည်း အကြိမ်ကြိမ်ရှိပြီ။ အပြစ်မရှိတဲ့အတွက် ကိုယ့်သားကိုတော့ လွတ်စေချင်ပါတယ်” ဆရာတော် ဥုံးသုဝဏ၏ မိခင် ဒေါ်မစိန်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ခဲ့သည့်အချိန်မှစပြီး သံသယဖြင့် ဖမ်းဆီးခံထားရသည့် အရပ်သား (၉၀)ကျော်အထိရှိခဲ့ပြီး ဖမ်းဆီးစစ်ဆေးစဉ်အတွင်း သေဆုံးသူများလည်းရှိခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...