သင်္ဂနက်ကျေးရွာမှ ဒဏ်ရာရသူ ၂ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

သင်္ဂနက်ကျေးရွာမှ ဒဏ်ရာရသူ ၂ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်တွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာမှ ဒဏ်ရာရရှိသူ နှစ်ဦးမှာ ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေ ဆေးရုံသို့ ရောက်ရှိကာ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

၎င်းပစ်ခတ်မှုမှာ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအတိုင်း အပေါက်ဝကျေးရွာဘက်မှ တက်လာသော နေဗီပေါ်ကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် စံပယ်လှကျေးရွာမှ ၂ ဦးဒဏ်ရရှိခဲ့သလို သင်္ဂနက်ကျေးရွာမှ ၃ ဦးအနက် ၁ ဦးမှာ ဒဏ်ရာမပြင်းထန်သော်လည်း စစ်တွေဆေးရုံကို ဦးရွှေထွန်းသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်ညိုတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ခြင်းဖြစ်သည်။

“ညတစ်နာရီလောက်မှာ အပေါက်ဝဖက်ကနေ လာတယ်။ မြစ်ထဲကပစ်တာပါ။ အောက်ကို ဆင်းလို့ပြေးကြပါတယ်။ လူတွေက ဝပ်နေကြတယ်။ သူတို့လင်မယားကို ထိတယ်။ ငိုလို့ခေါ်တယ်။ ခေါ်ပေမဲ့လည်း ကြည့်ဖို့သွားလို့မရဘူး။ နေဗီက မြစ်ထဲက ပစ်တာပါ”ဟု ဒဏ်ရာပြင်းထန်စွာရရှိသူ ဒေါ်ခိုင်ညို၏ ညီမဖြစ်သူ ဒေါ်ခိုင်ခိုင်ရီက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် တစ်ကြိမ်နှင့် ကျောက်တော်မြို့နယ် အထက်ဘက်တွင် တစ်ကြိမ် ရက္ခိုင့်တပ်တော်ဘက်မှ တိုက်ခိုက်ခဲ့မှုများ ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“အပေါက်ဝနားမှာ တစ်ကြိမ် အင်အားသုံးရာလောက်ပါတဲ့ ရေတပ်သင်္ဘောနှစ်စီးကို ကျွန်တော်တို့ဘက်က ညတစ်နာရီလောက်မှာ ပစ်ခတ်တာရှိတယ်။ နောက်သုံးနာရီခွဲလောက်မှာ ကျောက်တော်အထက်မှာ တစ်ကြိမ် ပစ်ခတ်တာရှိတယ်။ အထိအခိုက်အကျဆုံးနဲ့ သင်္ဘောပျက်စီးမှုအပိုင်းတော့ကို မသိရသေးဘူး။ အဲဒီသဘောၤက အပေါက်ဝနားကနေ တက်သွားပြီးတော့ ကုလားတန်မြစ်ကမ်းမှာရှိတဲ့ ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာရှိတယ်။ အဲဒီမှာ အရပ်သားတချို့ထိခိုက်ဒဏ်ရရှိခဲ့တာရှိတယ်လို့ ကျွန်တော်တို့လည်း သိရတယ်”ဟု ခိုင်သုခကပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးထံ ဆက်သွယ်ရာတွင် တိုက်ပွဲဖြစ်ပွားမှုကို ကြားသော်လည်း အတိကျမသိရသေးကြောင်းဆိုသည်။

“ကျွန်တော်လည်း ကြားတော့ ကြားတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ဂဃနဏ မသိရသေးဘူး” ဟုဆိုသည်။

ဒေသတွင်း တိုက်ပွဲများဖြစ်ပွားမှု အခြေအနေကြောင့် ဒေသခံအများစု မှာ ၂၄ နာရီလုံး စိုးရိမ်နေကြရပြီး ကျီးလန့်စာ စားနေရသည့် အခြေအနေတွင်ရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

“တိုက်ပွဲဖြစ်တဲ့အနေအထားက ခတ်စိပ်စိပ်ဖြစ်လာတယ်။ ကျွန်တော်တို့ နှစ်ဆယ့်လေးနာရီလုံးလုံး စိုးရိမ်နေရတယ်။ ကျီးလန့်စာ စားနေရတဲ့ အနေအထားဖြစ်တယ်။ ကျည်ဆံ ဘယ်ကလာပြီး ဘယ်ကိုဖောက်ပြီး ဘယ်သူ့ဆီ ထိမလဲဆိုတာကို ကျွန်တော်တို့က အချိန်တိုင်း စိုးရိမ်နေရတဲ့ အခြေအနေ ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရခိုင်လိုပြောရင် သံဖက်ဝင်နေရတဲ့ အခြေအနေ ”ဟု ပြောဆိုသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...