မြောက်ပိုင်းလေးဖွဲ့နှင့်ဆွေးနွေးပွဲတွင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူများ ပါဝင်မည်

မြောက်ပိုင်းလေးဖွဲ့နှင့်ဆွေးနွေးပွဲတွင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူများ ပါဝင်မည်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၌ မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွးနွေးပွဲတွင် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူများနှင့် NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ စက်တင်ဘာလ ၁၃ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဆွေးနွေးပွဲကို ကျနော်တို့ တော်တော်လေး အလေးထားတယ်။ ဒါအရေးကြီးလို့ တကယ်လို့ ဒီဆွေးနွေးပွဲရလဒ်မကောင်းရင် အလားအလာက နည်းနည်းစိုးရိမ်ရတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

ယင်းအပြင် တပ်မတော်ဘက်မှ ထပ်မံ၍ တစ်ဖက်သတ်အပစ်ရပ်ကာလ ထပ်တိုးမည်မှာလည်း ယခုဆွေးနွေးပွဲအပေါ် မူတည်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(MNDAA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော် (AA)တို့နှင့်  NRPC ကိုယ်စားလှယ်များအပါအဝင် တပ်မတော်မှ အရာရှိကြီးများပါဝင်မည့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ ပြုလုပ်ကြရန် သဘောတူညီထားကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် မြောက်ပိုင်း ၄ ဖွဲ့တို့ ကျိုင်းတုံမြို့၌ သြဂုတ်လ ၃၁ ရက်က တွေ့ခဲ့ဆုံရာတွင် ယင်း ၄ ဖွဲ့က တပ်မတော်ဖက်မှ အရာရှိကြီများ ပါဝင်စေလိုကြောင်း တောင်းဆိုခဲ့ကြသည်။

အဆိုပါ ၄ ဖွဲ့နှင့် ပထမအဆင့် ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးရေးလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် တစ်ဖွဲ့ချင်းသီးခြားတွေ့ဆုံကာ သဘောတူညီချက်ယူပြီး တတိယအဆင့်တွင် NCA လက်မှတ်ရေးထိုးခြင်း စသည့်တို့ဖြင့် အစိုးရက ဆောင်ရွက်နေကြောင်း ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...